...အာ့ ကျစ်ပြသာနာပဲ လူကလုံး၀မအီမသာဖြစ်နေတယ် ပုံမှန် heat လာတဲ့ရက်ရောက်ဖို့ ၂ရက်လောက်လိုသေးတယ်ဆိုပေမဲ့ အတိအကျတွက်လို့မှမရဘဲ စောပြီးဖြစ်ရင်သူတော့ ပြသာနာပဲ
ထိန်းချုပ်ဆေးကြိုသောက်ရင်လည်း အဲဒီဆေးပြင်းတော့ နုန်းခွေပြီး ကစားဖို့အဆင်ပြေမှာမဟုတ်ဘူးဟူးးးးဒီတစ်မနက်လေးပါပဲ ချောချောမွေ့မွေ့ပြီးသွားချင်တယ် ...
တင်းနစ် အစမ်းပြိုင်ပွဲနေ့မို့ ဆော့ဂျင်ကျောင်းကိုစောစောလာခဲ့ရတယ်...
ရောက်ရောက်ချင်း ဂျောင်ကုကသူ့လက်ဖ၀ါးတွေကိုဆုပ်ကိုင်ပြီး အားပေးသွားပေမဲ့ အခုပြိုင်ပွဲချိန်နီးတဲ့အထိ အရိပ်အရောင်ထပ်မမြင်ရသေး....ကျောင်းသားခေါင်းဆောင်မိို့ အလုပ်ရှုတ်နေမှာကိုသိပေမဲ့ လူကမအီမသာဖြစ်နေတဲ့အချိန်မို့ ဂျောင်ကုကိုအနီးနားရှိစေချင်မိတယ်....
အဲဒီလိုတွေးနေတုန်းမှာပဲ ချိုရှရှ၀ိုင်ရနံ့တွေ သူ့နှာခေါင်းထဲတိုး၀င်လာတယ် ...
သူသိတာပေါ့ ဂျောင်ကုသူ့နောက်နားရောက်နေတာကို
ဒါပေမဲ့ လှည့်မကြည့်ပါဘူး တစ်မနက်လုံးသူ့ကိုပစ်ထားတဲ့သူလေ
အတိအကျဆို သူ့ကိုပစ်ထားတာ 2 နာရီနဲ့ 36 မိနစ်လောက်တောင်ကြာပြီ...."ဘာတွေတွေးနေတာလဲ ရည်းစားလေးရဲ့ စိတ်မပူပါနဲ့ ကိုယ့်ကောင်လေးကအကောင်းဆုံးလုပ်နိုင်မှာပဲ ဒါနဲ့နေရထိုင်ရရောအဆင်ပြေရဲ့လား heat လာမဲ့ရက်ကနီးနေလို့ ကိုယ်ကစိုးရိမ်နေတာ ဆေးတွေရောကြိုသောက်ထားတယ်မလားဟင်...."
ဂျောင်ကုကသူ့လှည့်မကြည့်ဘဲကောက်နေတာကို
သိရဲ့လားတောင်မသေချာ ဒီလူကလည်မလိုနဲ့တုံးတာပဲသိလား..
အနားလေးကပ်ပြီး လာဖက်လိုက်ရင်ကိုအဆင်ပြေသွားမှာကို နောက်နား ခပ်ခွာခွာကနေပဲတတွတ်တွတ်လာမေးနေတယ်လေ သူထိုင်နေတာကပွဲကြည့်စင်ရဲ့ထောင့်အစွန်နားမှာ သူတို့ကိုလှမ်းမြင်နိုင်တဲ့ အခြားသူဆိုလို့ 10 ခုံကျော်လောက်မှာဖုန်းထဲအာရုံစိုက်ပြီးထိုင်နေတဲ့နည်းပြတစ်ယောက်ပဲရှိတာကို..."ဘာလို့ရောက်လာတာလဲ ဘယ်သူလဲ သိလို့လား..."
"အဟင်းး ကိုယ့်အူကြူးလေးကောက်နေတာလားကွ
အဲဒီလိုမလုပ်ပါနဲ့ ကိုယ်မင်းကိိုအသည်းယားပြီးနမ်းမိလိမ့်မယ်နော်...."
YOU ARE READING
PluvioPlile 🌧(complete)
Fanfictionငါချစ်ရတဲ့ မိုးရေတွေထဲ မုန်းစရာကောင်းတဲ့ မင်းနဲ့ဆုံခဲ့တယ် မင်းကတော့ ပြောင်းလဲလွယ်တဲ့လူပဲ အရင်ကသိပ်မုန်းတဲ့မိုးနေ့တွေကိုတောင် ခုတော့ချစ်တက်လာပြီတဲ့လေ.....