ကိုယ့်ရှေ့မှာ အခြားကောင်အတွက် မကြောက်မရွံ့ကာကွယ်ပေးချင်နေတဲ့ မင်းကိုမြင်ရတော့ ခံစားရခက်လိုက်တာပိုးဥလုံးလေးရာ
ရည်စားလုအူနုကျွဲခတ်ဆိုတဲ့ ခံစားချက်ကိုကောင်းကောင်းနားလည်ပြီထင်တယ်....ရည်းစားအလုခံရတာက ကိုယ်မဟုတ်ပေမဲ့
ကိုယ့်ရင်ထဲအတော်ခံစားရခက်နေတာ မင်းကတောမသိလောက်ဘူးပေါ့ ကိုယ့်မသိစိတ်ကနေ မင်းဟာကိုယ့်အပိုင်လို့မှတ်ယူထားခဲ့မိလေသလား မပြောတက်တော့ပါဘူး ကင်ဆော့ဂျင်ရာ...မင်းနဲ့စတွေ့ထဲက ထူးခြားတဲ့ခံစားမှူမျိုးရှိခဲ့တယ်
အဲဒီတုန်းက ဘာမှန်းသေချာမသိပေမဲ့ ခုတော့သေချာနားလည်ပြီထင်တယ်....ဟုတ်တယ် မင်းကကိုယ့်ရဲ့ mate ဖက်ပဲ ကိုယ့်ရဲ့ထူးခြားတဲ့ရေစက်ကလေးပဲ
မင်းဟာကိုယ့်အပိုင်ပဲဖြစ်လာရမယ် အဲဒီအတွက်ကိုယ်ကဘာမဆိုလုပ်တော့မှာ....>>>>
"ကင်ထယ်ယောင်း...."
သူ့အတွေးနဲ့သူ အူမြူးပြီးလမ်းလျှောက်လာတုန်း တဆော့ဂျင်ရဲ့စီညံနေတဲ့ စပီကာလွတ်အသံပါ၀ါကြားလိုက်ရတာကြောင့် ထယ်ယောင်းတစ်ယောက်ခြေလှမ်းတွေတောင်မှားမလိုဖြစ်သွားခဲ့ရသည်...
"တကယ်ပဲ ဘာလဲဆော့ဂျင်ရာ ငါ့ကိုနားစည်ကွဲစေချင်နေတာလား...."
"မင်းအခုဘယ်သွားမှာလဲအရင်ဖြေစမ်းပါ...."
"ဟမ်းးး ဘာလုပ်ဖို့လဲ ငါမင်းကိုအကုန်လိုက်ပြောပြရမှာလား မင်းတောင်ငါ့ကိုအကုန်ပြောပြလို့လား..."
"အရူးကွက်လာနင်းမနေနဲ့ ဒီလမ်းကိုလျှောက်သွားရင် ရောက်မဲ့နေရာက တစ်ခုပဲရှိတာ ဂျွန်ဂျောင်ကုတို့အဖွဲ့၀င်လေ့ကျင့်တဲ့ စတူဒီယိုလေ မင်းအဲဒီကိုသွားမှာမဟုတ်လား
အခုချက်ချင်းရှင်းပြစမ်းပါ မင်းဘာတွေလုပ်နေတာလဲ အဲဒီမကောင်းတဲ့ကောင်နဲ့ မင်းအဆင်ပြေသွားတာမဟုတ်လား...."ဒေါသထွက်နေတာကြောင့် ဆော့ဂျင် ခါးထောက်ကာ ခုန်ဆွခုန်ဆွလုပ်ရင်း ထယ်ယောင်းကို ဆက်တိုက်အော်မေးနေမိတော့တယ်...
![](https://img.wattpad.com/cover/312249029-288-k273463.jpg)
YOU ARE READING
PluvioPlile 🌧(complete)
Fanfictionငါချစ်ရတဲ့ မိုးရေတွေထဲ မုန်းစရာကောင်းတဲ့ မင်းနဲ့ဆုံခဲ့တယ် မင်းကတော့ ပြောင်းလဲလွယ်တဲ့လူပဲ အရင်ကသိပ်မုန်းတဲ့မိုးနေ့တွေကိုတောင် ခုတော့ချစ်တက်လာပြီတဲ့လေ.....