part 🌷 41

1.3K 214 22
                                    

ဂျောင်ကုအခန်းထဲခေါက်တုန့်ခေါက်ပြန်လျှောက်နေမိတယ်   အကြောင်းရင်းကတော့
ဆော့ဂျင်အိမ်ကြောင့်ပေါ့   ဆော့ဂျင်ကိုကျောင်းတစ်ပတ်နားခိုင်းထားတယ်တဲ့လေ....

ဆော့ဂျင်သူ့ကိုအိမ်ရှေ့ထိ  လာခိုင်းကတည်းက သူတို့ကြားက  နက်ရှိုင်းတဲ့ပတ်သက်မှူကို
ဆော့ဂျင်မိသားစု  သိသွားလောက်ပြီဆိုတာ နားလည်ခဲ့ပေမဲ့    ဒီလိုရုတ်တရက်ကြီးလုပ်လိုက်မယ်မထင်ခဲ့မိဘူး....

တော်သေးတာက   အိမ်ထဲကနေအပြင်ထွက်ဖို့  ကျောင်းသွားဖို့ကန့်သတ်ထားပေမဲ့   ဖုန်းတွေဘာတွေတော့မသိမ်းခဲ့ဘူးပဲ
ဒါက  ဆော့ဂျင်ရဲ့   တဇွတ်ထိုးနိုင်တဲ့စိတ်ကိုသေချာသိလို့လည်းဖြစ်နိုင်တယ်
ဆော့ဂျင်လိုပုံစံက    အဖက်ဖက်ကနေပိတ်ဆို့ချုပ်ချယ်ခံရရင်  ပြင်းပြင်းထန်ထန်  ပေါက်ကွဲသွားနိုင်တဲ့   ဗုံးသီးကလေးအဖြစ်ပြောင်းလဲသွားနိုင်တာမျိုးပေါ့...

တစ်နာရီလောက်   အတွေးတွေကိုအလုပ်ပေးပြီးနောက်မှာတော့   ရင်ခုန်စိတ်လှုပ်ရှားစရာအစီအစဥ်တစ်ခုကိုစဥ်းစားနိုင်ခဲ့တယ်   အဲဒါကအန္တရာယ်များတယ်ထင်ရပေမဲ့   အဖက်ဖက်ကပြင်ဆင်ထားပြီးးကြိုတင်လေ့ကျင့်ထားမယ်ဆိုရင်တော့   အတော်ကလေးလှပပြီး  
မမေ့နိုင်စရာအမှတ်တရအဖြစ်ကျန်ခဲ့မဲ့  ဆန်းသစ်တဲ့စိတ်ကူးမျိုးပေါ့....

မလွယ်ကူပေမဲ့   အဲဒါကပိုပျော်စရာကောင်းတယ်လေ   ဘ၀မှာစိန်ခေါ်မှူမရှိ  စိတ်အားထက်သန်မှူမရှိဘဲ   အသက်ရှင်ရမဲ့အစား သေသွားတာကမှပိုကောင်းသေးတယ်လို့   သူယုံကြည်လက်ခံထားခဲ့တာ....."
သူ့အကြံကိုဆော့ဂျင်မငြင်းလောက်ဘူးမလား
ဒါပေမဲ့   ဆော့ဂျင်ကိုအကြမ်းဖျင်းအရိပ်အမွတာလောက်ပဲပြောပြမှာပါ
ကျန်တာတွေကတော့   ပူတူးငယ်ကိုလျို့၀ှက်ထားမဲ့အရာတွေပဲ  လုံး၀စပရိုက်ပေါ့....
သိချင်ရင်တော့   နောက်ထပ်  2 ရက်လောက်ထပ်စောင့်လိုက်ပါ  သူကတော့စိတ်ကူးနဲ့အကောင်အထည်ဖော်ကြည့်ရင်း  အူမြူးနေမိပြီ .....

ခဏလေးပဲသည်းခံလိုက်ပါ  ကိုယ့်အချစ်ရယ်
ခုကစပြီး  ကိုယ်မင်းကိုအပိုင်သိမ်းပစ်မဲ့ ရည်မှန်းချက်ကို   အကောင်အထည်ဖော်တော့မှာ   ကိုယ်နဲ့နှစ်တွေအကြာကြီးနေရလို့ဆိုပြီး   ငြီးငွေ့သွားမှာတော့  မဟုတ်ဘူးမလား
စိတ်ချ   ကိုယ်ကမင်းရဲ့အပြုံးတွေကို  ပိုးလိုဥပြီး  တစ်သက်၀ာမွေးမြူထိန်းသိမ်းပေးသွားမှာပါ....

PluvioPlile 🌧(complete) Donde viven las historias. Descúbrelo ahora