part 🌷23

1.8K 273 44
                                    

"ခိုးခဲ့တာလုံး၀မဟုတ်ဘူးနော် 
ကျစ်....တကယ်ပဲမင်းကိုယ့်ကိုဘယ်လိုလူထင်နေတာလဲဆော့ဂျင်..

မင်းတို့မိသားစုထဲကတစ်ယောက်ကိုယ့်ကိုပေးလိုက်တာ
ညကျရင်နဖူးပေါ်လက်တင်ပြီးကိုယ့်လက်ထဲထီးဘယ်လိုရောက်လာလဲ  စဥ်းစားကြည့်ဟုတ်ပြီလား

ရောက်ပြီ  ထီးပြန်ပေးတော့...."

ဂျောင်ကုကသူ့ကိုကားနားထိလိုက်ပိို့ပြီးတာနဲ့  သူလက်ထဲကထီးကိုပြန်ယူသွားတယ်  စကားပြောတာကလည်းခပ်ဆက်ဆက်ကြီး  
စိတ်ဆိုးသွားတာများလား  
ငါကဘာသိမှာလဲ   အိမ်ကလူတွေကထီးကိုတော်ရုံလူဆီကိုပေးလိုက်မှာမှမဟုတ်တာ   ဂျွန်ဂျောင်ကုကိုဆိုပိုဆိုးပေါ့   မခိုးရင်မခိုးဘူးပြောလိုက်ပြီးတာပဲကို  ဟွန့်.....

ဆော့ဂျင်   ဂျွန်ရောက်ကုရဲ့နောက်ကျောကို  ကားမှန်ထဲကတစ်ဆင့်ကြည့်ပြီး  မျက်စောင်းထိုးလိုက်မိတယ်...

💌မင်းကိုစိတ်ဆိုးသွားတာမဟုတ်ဘူးနော်   ခုနောက်ပိုင်းမင်းမျက်နှာကိုမြင်ရရင်  ကိုယ့်ဒေါသတွေ စ
ကအလုပ်မလုပ်တော့ဘူးလေ  သိတယ်မလား  မိုးကရွာနေတုန်းပဲ နွေးနွေးထွေးထွေးနေ💌

အိမ်ထဲ၀င်တဲ့အချိန်  ဖုန်းထဲ၀င်လာတဲ့ ဂျောင်ကုရဲ့ message ကြောင့် ဆော့ဂျင်မျက်နှာပေါ်ကျေနပ်ပြုံးတစ်ခု  ပေါ်လာခဲ့တယ်
သူ့ကိုယ်သူတော့   ဘယ်လိုပုံစံပြုံးလိုက်မိလဲဆိုတာသိမှာမဟုတ်ဘူး...

ဘေးကလူတွေအနေနဲ့ကြည့်မယ်ဆိုရင်တော့   အတော်ကလေးသဘောကျကျေနပ်နေတဲ့မျက်နှာပါလားလို့  ပြောကြမှာမလွဲ....

.....ဘာလဲ  ဒီ message က   ငါအထင်လွဲမှာစိုးလို့လား  ဟမ်းးးး ခုဏကျရုပ်တည်ကြီးနဲ့လှည့်ထွက်သွားတာလေ  အခုကျစိတ်မဆိုပါဘူးတဲ့   လူလိမ်.....

"ငါ့တို့ညီလေးအသဲကွဲနေတယ်ထင်လို့   hyung ကအိမ်ကိုစောစောပြန်လာတာ   စားချင်တာလိုက်ကျွေးမယ်ပေါ့ 
အခုကြည့်တော့  ငါ့တို့ညီလေးမျက်နှာက  မှိုရသလိုမျက်နှာနဲ့ပါလား 
ရည်းစားနဲ့ပြန်အဆင်ပြေသွားတာလား...."

..ဘာလဲ  မှိုရသလိုမျက်နှာဆိုတာက  ငါ့မျက်နှာက  အဲဒီလိုပျော်နေတဲ့ပုံပေါက်သွားလို့လား ..

PluvioPlile 🌧(complete) Where stories live. Discover now