ဒီအခန်းထဲမှာပဲ သူရှိနေခဲ့တာ နာရီပေါင်းဘယ်လောက်ကြာသွားမှန်းမမှတ်မိနိုင်တော့...
မိိုးရွာနေတာကို အရင်လိုပြတင်းပေါက်ကနေတစ်ဆင့်မြင်နေရပေမဲ့ အရင်လိုပျော်ရွှင်ပေါ့ပါးမနေခဲ့ဘူး
လွမ်းတယ် မိုးရွာချိန်တွေမှာ သူ့ရဲ့ကိုယ်ပိုင်မိုးရာသီကလေးကိုပိုပြီးလွမ်းဆွတ်ရတယ်...
အဲဒီနေ့ကတည်းက သူနဲ့ဂျောင်ကုအဆက်သွယ်ပြတ်သွားခဲ့တာ
ဂျောင်ကုတို့ညီအစ်ကိုရဲ့ အကြံစည်နဲ့ဆိုးရွားတဲ့အကြောင်းအရာတွေကိုပဲ hyung ဆီကကြားခဲ့ရတယ် ဖေဖေကတော့ ဘာသိဘာသာလုပ်နေခဲ့ပေမဲ့ hyung လိုပဲသူနဲ့ဂျောင်ကုကိုအတူမရှိစေချင်တာတော့သေချာတယ်....ဒီရက်တွေမှာ ဖေဖတို့က ကြိုတင်ပြင်ဆင်နိုင်တာတွေအကုန်လုပ်ပြီး ဂျွန်ဟေးအင်ရဲ့တိုက်ခိုက်မှုတွေကိုရင်ဆိုင်တုန့်ပြန်ဖို့ အာရုံစိုက်နေခဲ့ကြပေမဲ့ အဲဒီဘက်ကထူးထူးခြားခြားတိတ်ဆိတ်နေခဲ့တယ်....
ပရော်ဘက်ဆာအွန်ဟာ အရင်ဖြစ်ခဲ့တဲ့ပြသာနာမှာပါ၀င်ပတ်သက်မှူမရှိတဲ့အကြောင်း သက်သေနဲ့တကွရှင်းလင်းခဲ့ပေမဲ့ သူတို့မိသားစုရဲ့နာမည်တစ်စွန်းတစ်စမှပါမနေခဲ့ဘူး....
ဒေါက် ဒေါက်....
"ဆော့ဂျင် ထမင်းလာဆင်းစားဦးလေ အစာငတ်ခံပြီးဆန္ဒပြမလို့လား ဒီတစ်ခါ hyung ကလိုက်လျောမှာမဟုတ်ဘူးနော်...."
သူ့အခန်းနံရံကိုမှီပြီး တည်တည်ငြိမ်ငြိမ်ပြောနေတဲ့ hyung ပုံစံက ဂျောင်ကုနဲ့သူ့ကိုဘယ်လိုမှနီးစပ်ခွင့်မပြုဘူးဆိုတဲ့ ဆုံးဖြတ်ချက်ကိုခိုင်ခိုင်မာမာချထားခဲ့ဟန်တူတယ်....
"ကျွန်တော်သေသွားရင်တောင် အဆင်ပြေလား
အဟတ်မေ့သွားတာပဲ ကျွန်တော်အိုမီဂါဖြစ်တာကိုမုန်းလို့ အဲဒီတားမြစ်ဆေးတွေနဲ့တောင်စမ်းသပ်ခဲ့တာမဟုတ်လား သေသွားလည်းကိစ္စမရှိဘူးမလား အဲဒီအချိန်တည်းက ဂင်မင်ယူနဲ့အတူ သေသွားခဲ့ရမှာ ..."
သူနာနာကျင်ကျင်နဲ့ပြောဆိုမိတဲ့စကားတွေက hyung ရဲ့ခံစားချက်အပေါ်သက်ရောက်သွားပုံပဲ hyung ရဲ့ နှုတ်ခမ်းတွေတဆက်ဆက်တုန်လငခဲ့တယ်....
YOU ARE READING
PluvioPlile 🌧(complete)
Fanfictionငါချစ်ရတဲ့ မိုးရေတွေထဲ မုန်းစရာကောင်းတဲ့ မင်းနဲ့ဆုံခဲ့တယ် မင်းကတော့ ပြောင်းလဲလွယ်တဲ့လူပဲ အရင်ကသိပ်မုန်းတဲ့မိုးနေ့တွေကိုတောင် ခုတော့ချစ်တက်လာပြီတဲ့လေ.....