part 🌷17

1.5K 266 28
                                    

ဟူးးးးးး
စိတ်လှုပ်ရှားလိုက်တာ  ပထမဆုံးဒိတ်လေးကအဆင်ပြေပြေဖြစ်သွားရင်ကောင်းမယ် ဖိုက်တင်းဆော့ဂျင်....

ဆော့ဂျင်  သက်ပြင်းတစ်ချက်ချတာ  ကိုယ့်ကိုယ်ကိုအားပေးလိုက်ပြီး  ကားပေါ်ကနေဆင်းလိုက်တယ်....

Jae hwan ကသူ့ထက်အရင်ဆိုင်ထဲကြိုရောက်နေပြီတဲ့လေ     အချိန်တိကျတဲ့အတွက်တော့  အမှတ်ပေးရမယ်....

သူကော်ဖီဆိုင်ထဲ၀င်ပြီး  ဟိုဟိုဒီဒီလိုက်ရှာကြည့်လိုက်တော့   တွေ့ပါပြီ  ဆိုင်ရဲ့ဘယ်ဘက်ထောင့်အစွန်မှာထိုင်နေတဲ့ jae Hwan  ဂျင်းနဲ့ စပို့ရှပ်အဖြူ  လျှာထိုးဦးထုတ်အနက် ဆောင်းထားတဲ့  jae hwan က Alfa တစ်ယောက်နဲ့မတူအောင်  သိမ်မွေ့ကြည့်ကောင်းနေခဲ့တယ် ...
သူမှတ်မိသလောက်  jae Hwan ငယ်ငယ်တုန်းကပါးဖောင်းဖောင်းလေးတွေရှိပေမဲ့   ခုတော့ပိန်ပိန်ပါးပါး
အရပ်မြင့်မြင့်တဲ့  ကြည့်ကောင်းတဲ့  ကောင်လေးဖြစ်လာတာပဲ....

ဆိုင်အ၀နားကနေ   ခဏရပ်ကြည့်အကဲခတ်ပြီးမှ  သူအထဲ၀င်လိုက်တယ်  jae Hwan လည်းသူ့ကိုတွေ့တွေ့ချင်း  နေရာကထရပ်ပြီး  ပြုံးပြနေခဲ့တယ်...

Jae Hwan  မျက်လုံးတွေကြည့်ရတာ   သူ့ထက်တောင်ပိုပြီးစိတ်လှုပ်ရှားနေသလိုပဲ ...

"Hello  jae Hwan... "

သူ့ဘက်ကနေ  အရင်ဆုံး  ပေါ့ပေါ့ပါးပါးပြုံးပြနှုတ်ဆက်လိုက်တယ် ..
Jae hawn ကိုသက်တောင့်သက်သာပဲဖြစ်စေချင်တယ်လေ  တစ်ယောက်နဲ့တစ်ယောက်  သက်တောင့်သက်သာဖြစ်နေမှ  ရှေ့ဆက်စကားပြောဆိုဖို့   အဆင်ပြေနိုင်မယ်မဟုတ်လား....

"အာညော်  ဆော့ဂျင်
ဟို   ဘာသောက်မလဲ   ကျွန်တော်မှာပေးမယ်လေ..."

"လက်တေးပဲ  ပြီးတော့ကိတ်လည်းစားချင်တယ်  ချောကလက်ကိတ်....'

ဆော့ဂျင် နည်းနည်းပိုပြီးချစ်စရာကောင်းတဲ့  အမူအယာနဲ့ပြောလိုက်တယ်
အရင်ကတည်းကချစ်ဖို့ကောင်းပြီးသားဆိုပေမဲ့ပေါ့လေ...

"ဒါဆိုအရင်ထိုင်နေနော်  ကိုယ်မင်းအတွက်သွားမှာလိုက်မယ်..."

Jae Hwan ကသူထိုင်ဖို့ခုံကိုဆွဲထုတ်ပေးပြီး  သူ့အတွက်သွားစားသောက််စာရာမှာပေးဖို့ကောင်တာဆီလျှောက်သွားခဲ့တယ်....
တကယ်ကြင်နာတက်တာပဲ....

PluvioPlile 🌧(complete) Where stories live. Discover now