part 🌷21

1.6K 272 26
                                    

လူတွေက  ပြောင်းလဲတက်ကြတယ်ဆိုတာအမှန်ပဲ...
State ကျောင်းသားဘ၀မှာရော  တက္ကသိုလ်ရောက်တဲ့ထိ  ကင်ဆော့ဂျင်အတွက်   အိပ်ယာစောစောထတဲ့ရက်ဆိုတာမရှိသလောက်နီးပါးပဲ..
အခုကျ  အိပ်ယာအစောကြီးနိုးပြီး  ဂျီမင်းနဲ့ထယ်ယောင်းကိုတောင်သူပြန်စောင့်နေရပြီ...

ဟင်းးး
သူတို့နှစ်ယောက်ကိုငါအရမ်းအံ့သြတာပဲ
ဆယ်စုနှစ်တစ်ခုကျော်လောက်  နေ့တိုင်းနီးပါးသူတို့ထက်နောက်ကျမှရောက်လာတက်တဲ့ငါ့ကို   စိတ်ဆိုးအပြစ်တင်တာမလုပ်ဘဲ  စောင့်ပေးခဲ့ကြတာ...

အခုငါကိုယ်ချင်းစာတက်ပါပြီ  ဒီနေ့ထူးထူးဆန်းဆန်းအစောကြီးကြည်ကြည်လင်လင်နိုးလာလို့   သဘောကျခဲ့ပေမဲ့   စောင့်ရတာတော့မကြိုက်ဘူးပဲ
15 မိနစ်လောက်ပဲစောင့်ရသေးတာကိုတောင်
ငါဒေါသထွက်ချင်နေပြီလေ...
နေ့တိုင်းနောက်ကျတဲ့  ငါ့ကိုသူတို့ဘယ်လိုများစောင့်ပေးခဲ့ကြပါလိမ့်   တကယ်ချီးကျူးစရာပဲ....

...ဒီနေ့မှ  ငါ့စိတ်ကိုဘယ်အရာကနှိုးဆော်လိုက်လို့များ  ကျောင်းသွားဖို့စိတ်လောနေရတာပါလိမ့်   ဟူးးး....

ဆော့ဂျင်သက်ပြင်းချကာ  ကြည်လင်နေတဲ့စိတ်ကလေးမငြိုးသွားအောင်ကြိုးစားရင်းးးး  သူမုန်းလှစွာသောစောင့်ဆိုင်းရခြင်းအလုပ်ကိုလုပ်နေခဲ့ရတော့သည်.....

>>>>

"ထယ်ယောင်းရေ  ဆော့ဂျင်  ဒီနေ့နေမကောင်းဘူးထင်တယ်
အစောကြီးငါတို့ကိုလာစောင့်နေတာလေ  ဟားဟား..."

"ငါသိတယ်  သူအရင်နေ့ကထက်  နည်းနည်းပိုရူးသွားတာပဲဖြစ်မယ်  ဒါမှမဟုတ်ရူးနေရာကနေနည်းနည်းပြန်ကောင်းသွားတာများလား...."

ကျောင်းရောက်တာနဲ့  ဂျီမင်းနဲ့ထယ်ယောင်းက  ဆူပုတ်ပုတ်ဖြစ်နေတဲ့ဆော့ဂျင်မျက်နှာကို  ကြည့်ပြီးသဘောကျကာစနောက်တော့သည်...

ပြန်ပြောချင်ပေမဲ့   တစ်ရက်လေးစောင့်ရတာကိုတောင်သည်းမခံနိုင်ဖြစ်တယ်ဆို   သူမကောင်းတဲ့သူငယ်ချင်းဖြစ်သွားမှာလေ    အောင့်သက်သက်ငြိမ်ခံလိုက်ရပေမဲ့   စိတ်ကတော့ကြည်မနေခဲ့....

....ဒီကြားထဲ  စိတ်ထဲရှူတ်ထွေးနေလို့  မတွေ့ချင်ပါဘူးဆို   ဂျွန်ဂျောင်ကုနဲ့တန်းတိုးတာပဲ

PluvioPlile 🌧(complete) Onde histórias criam vida. Descubra agora