"ဟေ့ ဆော့ဂျင်မလုပ်နဲ့နော် မှန်မချလိုက်နဲ့ ရှေ့နားကပန်းခြံမှာရပ်ပေးမယ် ...."
သူတို့အိမ်ကိုပြန်နေတုန်းမှာပဲ မိုးဖွဲကလေးတွေကျလာခဲ့တယ်...
အဲဒီအခိုက်အတန့်မှာ...
ရှူတ်ထွေးနေတဲ့ သူ့အတွေးတွေဟာ ဘယ်တုန်းကမှမရှိခဲ့သလိုလွင့်ပါးကွယ်ပျောက်သွားခဲ့တယ်....အုံ့မိုင်းပြီး ပြိုကျမတက် ညိုမှောင်နေတဲ့ ကောင်းကင်ကြီးကိုမြင်ရတာ စိတ်လှုပ်ရှားရင်ခုန်ဖို့ကောင်းတယ် ...
ကားမှန်းတံခါးကို ချမယ်လုပ်တော့ ထယ်ယောင်းကကပျာကယာ တားလာတယ်လေ...
ရှေ့နားကပန်းခြံမှာ ကားရပ်ပေးမယ်လို့တော့ပြောတာပဲ....
ကိုယ့်အိမ်ကကားနဲ့ဆိုရင်တော့ ဂရုမစိုက်ဘဲ မှန်ချပြီးအပြင်ကမိုးနံ့သင်းသင်းကလေးတွေကို အဆုတ်ထဲပြည်လျံသွားတဲ့အထိ ရှူရှိုက်ပစ်လိုက်မှာ...
ခုတော့ စိတ်လျော့ထားရတယ်ထယ်ယောင်း တက္ကသိုလ်တက်ဖို့အတွက် သူ့အိမ်က၀ယ်ပေးထားတဲ့ ကားအသစ်မို့လျော့ပေးလိုက်တာ အဲဒီကောင်ကနည်းနည်းအဖြစ်သည်းတယ်လေ ..
ဂျွန်ဂျောင်ကုတစ်ယောက်နဲ့ တွေ့ခဲ့ရတာတောင်အားအင်တွေကုန်ခန်းမတက်ဖြစ်နေခဲ့ရတာမလား...
ထယ်ယောင်းနဲ့ပါ ထပ်ပြီးရန်မဖြစ်ချင်တော့ဘူး.....10 မိနစ်လောက်မောင်းလာပြီးတော့ ထယ်ယောင်းပြောတဲ့ပန်းခြံရှေ့ကိုရောက်လာတယ်....
ပန်းခြံဆိုတာထက် နားရက်တွေမှာ မိသားစုတွေလာပြီးအပန်းဖြေလေ့ရှိတဲ့ park မျိုးမို့ဒီလိုကြားရက်တွေမှာ လူအတော်ရှင်းနေတာ....
သူ့အတွက်တော့ ပိုအဆင်ပြေတယ်တယ် စိတ်ထဲနာကျင်ခံပြင်းခဲ့ရတာတွေကို စိတ်လွတ်ကိုယ်လွတ် မိုးရေတွေထဲမျှောပစ်လိုက်လိုက်လို့ရတာပေါ့ ..."ရပြီဆော့ဂျင် ငါကားပေါ်ကကြည့်နေမယ် ဒီနားလေးပဲနေနော် အထဲထိ၀င်မသွားနဲ့ ခုချိန်လူတအားရှင်းနေတာ အန္တရာယ်များတယ်...."
"အင်းးးပြီးရော..."
"နေဦးးးထီးယူသွားလေ မိုးကသည်းလာပြီဒီတိုင်းထွက်သွားဖို့တွေးနေတာလား မင်း..."
"မယူချင်ဘူး မိုးရေတွေထဲနေချင်တာပါဆို..."
ဆော့ဂျင် ထယ်ယောင်းကိုခပ်ဆောင့်ဆောင့်ပြန်ပြောလိုက်တယ်...
YOU ARE READING
PluvioPlile 🌧(complete)
Fanfictionငါချစ်ရတဲ့ မိုးရေတွေထဲ မုန်းစရာကောင်းတဲ့ မင်းနဲ့ဆုံခဲ့တယ် မင်းကတော့ ပြောင်းလဲလွယ်တဲ့လူပဲ အရင်ကသိပ်မုန်းတဲ့မိုးနေ့တွေကိုတောင် ခုတော့ချစ်တက်လာပြီတဲ့လေ.....