..ကင်ဆော့ဂျင် မင်းတကယ်ရူးသွားပြီပဲ ဂျောင်ကုနဲ့ပြတ်ပြတ်သားသားစကားပြောမယ်ကြုံး၀ါးပြီး ခုကျဂျောင်ကုရင်ခွင်ထဲနစ်နေအောင်ငြိမ်ပြီးအဖက်ခံတဲ့အပြင်် မိုးရေပါအတူချိုးဦးမယ်တဲ့လား....
ဒါပေမဲ့လည်း စိတ်ထဲပျော်နေမိတယ်လေ ဂျောင်ကုကငါ့ကိုရှင်းပြပြီးပြီပဲ ငါသိချင်တဲ့ကိစ္စတွေအကုန်လုံးမပြောပြပေမဲ့ သူငါ့ကိုတကယ်ချစ်ပုံပေါ်ပါတယ်
ဒီလိုကြည်နူးစရာအချိန်မှာ စကားများရမှာ နည်းနည်းနှမျောမိတယ်လေ.....
ပြီးတော့ သူကငါ့ကိုအညင်သာဆုံးလေသံနဲ့ အထင်မလွဲဖို့ တဖွဖွရှင်းပြနေတာ
ငါ့ကိုချစ်တယ်လို့ပြောနေတာ ဘယ်နှစ်ကြိမ်မှန်းတောင်မသိတော့ဘူး ငါသာအတင်းငြင်းဆန်မယ်ဆိုရင် ဂျောင်ကုပုံစံက ငိုချလိုက်တော့မလားထင်ရတယ်...."ဆော့ဂျင် ကိုယ်ပူတူးလေး ဘာတွေစဥ်းစားနေပြန်တာလဲဟင် လာပါကိုယ်နဲ့အတူမိုးရေထဲကရအောင်နော်
ကိုယ်ကကတာသိပ်မတော်ပေမဲ့ ဘယ်လိုကရမလဲဆိုတာလောက်တော့သိပါတယ်..."တကယ်ပြီး ဂျောင်ကုကမိုးရေထဲပြုံးပျော်နေခဲ့တာ
မိုးရေစိုမှာကို မကြိုက်ဘူးဆိုတဲ့သူကလေ
အခုသူ့ကြောင့်နဲ့ မိိုးရေထဲအတူရှိနေပေးတဲ့အပြင်
တက်တက်ကြွကြွနဲ့ကဖို့ပြောနေပြန်တယ်....ဆွဲဆောင်မှူရှိတဲ့ ယောကျာ်းမှာ ဒီလိုချစ်စရာမျက်နှာမျိုးရှိနေသေးတာပဲ ...
ဆော့ဂျင်သက်ပြင်းတစ်ချက်ချပြီး စိတ်ကိုလွှတ်ကျလိုက်တယ်
သူ့ဆီကမ်းပေးနေတဲ့ ဂျောင်ကုလက်ဖ၀ါးတွေကို ဆုတ်ကိုင်ပြီး ခန္တာကိုယ်ကိုစည်းချက်ညီညီလှုပ်ရှားလိုက်တယ်....ဂျောင်ကုရဲ့လက်တစ်ဖက်က သူ့ခါးကိုလာပွေ့ဖက်ပြီး
သူတို့ခန္တာကိုယ်တွေကို အနီးကပ်ဆုံးဖြစ်စေလိုက်တယ်...တဖြည်းဖြည်း ရွာနှုန်းစိတ်လာတဲ့ မိုးစက်တွေနဲ့ သစ်ရွက်တွေရဲ့လှုပ်ခတ်သံဟာ သူတို့ရဲ့စည်းချက်ပဲ....
နီးကပ်နေတဲ့ ရင်ဘက်နှစ်ခုကြောင့် သူတို့နှစ်ယောက်လုံးရဲ့နှလုံးသားတွေနွေးထွေးနေခဲ့ကြတယ်
မိုးရေတွေကို အေးတယ်လို့မတွေးမိလောက်တဲ့အထိ
အချစ်မီးလျံတွေက တရိပ်ရိပ် တငွေ့ငွေ့.....
KAMU SEDANG MEMBACA
PluvioPlile 🌧(complete)
Fiksi Penggemarငါချစ်ရတဲ့ မိုးရေတွေထဲ မုန်းစရာကောင်းတဲ့ မင်းနဲ့ဆုံခဲ့တယ် မင်းကတော့ ပြောင်းလဲလွယ်တဲ့လူပဲ အရင်ကသိပ်မုန်းတဲ့မိုးနေ့တွေကိုတောင် ခုတော့ချစ်တက်လာပြီတဲ့လေ.....