"ခင်ဗျား ပြန်လျော်ပေး...."
မျက်မှောင်ကြုတ်ကာ သူ့ဆီလက်ညှိုးကောက်ကောက်ကလေးနဲ့ထိုးပြီး ပြောလာတဲ့ကောင်လေးက စတွေ့တုန်းကအတိုင်းပဲ ဂျစ်ကန်ကန် အဆိုးကလေးရယ်....
သေချာပေါက် အလိုလိုက်အကြိုက်ဆောင်ခံထားရတဲ့တော်၀င်သွေးကလေးပဲ...."ဟားဟားးး မင်းကိုယ့်ကို၀င်တိုက်တာလေကွာ ပြောစမ်းပါဦး ဘာလို့ကိုယ့်အပြစ်ဖြစ်သွားရတာလဲ...."
ဂျောင်ကုဆော့ဂျင်ကိုငုံ့ကြည့်ကာ ခပ်ဟဟရယ်ရင်းပြန်ပြောလိုက်တယ်...
"ခင်ဗျားကရှောင်လေ ၀င်တိုက်ရင်ရှောင်ရမှာနားမလည်ဘူးလား ခင်ဗျားအပြစ်လည်းပါတယ်
ရော့ ဟိုနားက snow ဆိုတဲ့တွန်းလှည်းရေခဲမုန့်ဆိုင်မှာသွားပြန်၀ယ်ပေး....."သူ့ဆီပိုက်ဆံကမ်းပေးပြီး အမိန့်တွေပေးချင်နေတဲ့ကောင်လေးနားကို ဂျောင်ကုတိုးကပ်သွားလိုက်တယ်....
အနီးကပ်ကြည့်တော့ပိုသတိထားမိလာတယ် လှတာတော့ တကယ်လှတာ ရှားပါးရတနာလေးပဲ......"ဘာ လို့ ကလေးဆိုးလေးလို လုပ်နေတာလဲ...."
အကျင့်မကောင်းတာတော့မဟုတ်ပေမဲ့
ကလေးဆိုးလေးလိုလုပ်ပြီး အခြားသူတွေကို အနိုင်ကျင့်ချင်နေတဲ့ ကောင်ဆိုးလေးကို ပညာပေးချင်တာကြောင့် ဟော်မုန်းတွေထုတ်လိုက်မိတယ်....ဘာလဲ ကောင်လေးကမျက်နှာတစ်ချက်တောင်ပျက်မသွားဘူးပဲ သူ့ဟော်မုန်းတွေက ဒီကောင်လေးအပေါ်မသက်ရောက်တာလား....
ရုတ်တရက်ကြီး စိုးရိမ်စိတ်တွေ၀င်လာမိတယ်...
ဒီကောင်လေးက ဘာများလဲ....."ထားလိုက်တော့ စိတ်ကောင်း၀င်နေလို့ ခင်ဗျားကိုခွင့်လွှတ်လိုက်မယ် ..."
သူ့ကိုလေသံမာမာပြတ်ပြတ်သားသားပြောပြီး အပြေးတစ်ပိုင်းလှည့်ထွက်သွားတဲ့ကောင်လေးကို ဂျောင်ကုအကြောင်သားရပ်ကြည့်နေမိတယ်....
"ဆော့ဂျင်....."
"အိမ်အရင်ပြန်ရအောင်...."
သူ့သူငယ်ချင်းဖြစ်ပုံရတဲ့ အိုမီဂါလေးနဲ့အတူ ကားဆီပြေးသွားတဲ့ဆော့ဂျင်ကို မြင်ကွင်းထဲကပျောက်တဲ့အထိ
အကြည့်မလွှဲနိုင်ခဲ့..
VOUS LISEZ
PluvioPlile 🌧(complete)
Fanfictionငါချစ်ရတဲ့ မိုးရေတွေထဲ မုန်းစရာကောင်းတဲ့ မင်းနဲ့ဆုံခဲ့တယ် မင်းကတော့ ပြောင်းလဲလွယ်တဲ့လူပဲ အရင်ကသိပ်မုန်းတဲ့မိုးနေ့တွေကိုတောင် ခုတော့ချစ်တက်လာပြီတဲ့လေ.....