မိုးရာသီကို မုန်းခဲ့ဖူးပေမဲ့
တစ်စုံတစ်ယောက်အတွက် မိုးရာသီဖြစ်ပေးနိုင်ခဲ့တယ် မင်းကြောင့်နဲ့ မိုးရွာတဲ့နေရက်တွေကိုတောင်သဘောကျတက်နေပြီ ချစ်သောရယ်..အေးမြလုံခြုံသော ကိုယ့်နှလုံးသာရပ်၀န်းမှာပဲနေပါ ကိုယ့်အပေါ်ပဲဆိုးပါ အများကြီးရယ်မောပါ အများကြီးပျော်ရွှင်ပါ...
ကိုယ်ကမင်းရဲ့ မိုးရာသီကလေးပဲမဟုတ်လား...>>>>
ဘ၀ကတိုတိုလေးဆိုပေမဲ့ ချစ်ရသူစိတ်ကောက်ရင်တော့နည်းနည်းကြာတယ်...
မွေးဖွားဖို့ လပိုင်းပဲလိုတော့တာမို့ အိမ်ပြန်ခေါ်ခဲ့တာကို ပေါက်စက စိတ်ကောက်နေပြန်တယ်လေ....
ကိုယ် သူ့ကိုအထိအခိုက်မခံနိုင်တာ မသိတာလည်းမဟုတ်ဘဲ ဂျစ်တူးလုပ်ချင်တဲ့ အဆိုးလေးပါဗျာ...ကိုယ့်ဖြစ်နေလို့ အလိုလိုက်ပြီး သူ့ကိုစိတ်ပျက်မသွားမဲ့သူဆိုတာသေချာနေလို့ကိ သက်သက်ဂျစ်တိုက်တာပဲလို့တွေးတော့လည်း ပျော်ရွှင်ကျေနပ်ရပြန်တာပဲ ...
ကိုယ်မို့လို သူဆိုးရဲတာ
ကိုယ့်ဆီက လုံလုံလောက်လောက်အချစ်ခံရလို့ ဂျစ်တူးလုပ်ရဲတာ...စကားတွေနဲ့ အနိုင်ယူတက်လည်း ကိုယ့်ချော့လိုက်တိုင်း ရင်ခွင်ထဲပြိုကျလာတဲ့ ကိုယ့်ရဲ့ကြယ်ကလေးဟာ မြတ်နိုးမှူတွေတဖြည်းဖြည်းတိုးချင်စရာရယ်ပါ...
ဒီဂျစ်တူးကလေးကို ကိုယ့်မှာချစ်ရ
အဲဒီ ကောက်တေးကလေးကိုပဲ ကိုယ့်မှာချစ်မ၀...."သဲပေါက်ရေ ပူတူးရေ
ကိုယ်ဘာလက်ဆောင်ယူလာလဲသိလား....""သွားးးးသွားးလာမခေါ်နဲ့ မသိချင်ဘူး...."
"ကိုယ်ပေါက်စလေးက ကောက်နေတုန်းပါလားအိုက်ဂူးးးချစ်စရာလေး
ကလေးရေ မင်းကတော့ဂျစ်တူးလေးလုပ်လို့မဖြစ်ဘူးနော်...Daddy ကမင်း papa တစ်ယောက်ကိုချော့ရတာနဲ့မင်းကိုပါထပ်ချော့ရရင်တော့ မလွယ်ဘူး... "
"ဘာလဲ ဒါက စိတ်ကုန်နေတဲ့ သဘောလား
ဘေဘီ အမြဲတမ်းစိတ်ကောက်လို့ အချစ်ကစိတ်ကုန်နေတာလား ဟမ်...."
![](https://img.wattpad.com/cover/312249029-288-k273463.jpg)
YOU ARE READING
PluvioPlile 🌧(complete)
Fanfictionငါချစ်ရတဲ့ မိုးရေတွေထဲ မုန်းစရာကောင်းတဲ့ မင်းနဲ့ဆုံခဲ့တယ် မင်းကတော့ ပြောင်းလဲလွယ်တဲ့လူပဲ အရင်ကသိပ်မုန်းတဲ့မိုးနေ့တွေကိုတောင် ခုတော့ချစ်တက်လာပြီတဲ့လေ.....