part 🌷46

1.4K 219 14
                                    

"ဖြန်းးး...."

"ရတယ်ထွက်သွား...."

ယောင်းရို အိမ်ထဲရောက်လာလာချင်းမှာပဲ ဟေးအင်ဆီခြေလှမ်းကျဲနဲ့လျှောက်သွားပြီး ဘယ်ဘက်ပါးပြင်ကိုခပ်ပြင်းပြင်းရိုက်ချလိုက်တယ်...

ဘော်ဒီဂတ်တစ်ချို့ အနားလာမလိုလုပ်ပေမဲ့ ဟေးအင် ကအပြင်ထွက်ခိုင်းလိုက်တယ်...

ဒီအိုမီဂါအမျိုးသမီးလေးကသူ့ကိုဘယ်လောက်များနာအောင်လုပ်နိုင်မှာတဲ့လဲ ...

"ဘာလို့ထပ်ပြီးပေါ်လာရတာလဲ ဘာထပ်လိုချင်တာလဲ ဖေဖေ့ကိုအရင်ကမသတ်လိုက်ရလို့အခုသတ်မလို့လား ငါ့ကိုပါသတ်ချင်တာလား
လုပ်လိုက် ကင်ဆူဟို နင်သတ်နိုင်ရင်သတ်လိုက်စမ်းပါ...."

"ယောင်းရို အဲဒီလိုမဟုတ်ဘူး ကိုယ်တောင်းပန်ပါတယ် ..."

"ဒါဆိုဘာလဲ ကင်ဆူဟို ဖေဖေ့ကိုဖမ်းထားပြီးငါ့ကိုလာခိုင်းတာဘာလုပ်ဖို့လဲ

အာ ဆောရီး ကင်ဆူဟိုဆိုတဲ့နာမည်အရင်းမှမဟုတ်ဘဲ အခုတော့စီးပွားရေးလုပ်ငန်းရှင် ဂျွန်ဟေးအင်ပေါ့ ရှင်ဘာလုပ်ချင်တာလဲ ဟေးအင်....."

ယောင်းရိုအောက်နှုတ်ခမ်းကိုတင်းတင်းကိုက်ကာ မျက်ရည်မကျမိအောင်ထိန်းပြီး ဟေးအင်ရဲ့မျက်လုံးတွေကိုစိုက်ကြည့်လိုက်တယ်....

မြတ်နိုးတွယ်တာရသလောက် မုန်းတီးနာကျည်းခဲ့ရတဲ့ ဒီလူဟာဘာလို့သူ့ရှေ့ထပ်ပေါ်လာရတာလဲ သူ့ဆီမှာဘာကျန်သေးလို့ ထပ်ပြီးပတ်သက်လာရပြန်တာလဲ ဒီလူကိုနားလည်ပေးဖို့ သိပ်ခက်တာပဲ ....

"ယောင်းရို အရင်ဆုံး ပရော်ဖက်ဆာဆီသွားတွေ့လိုက်ပါ ကိုယ်ပြောမဲ့စကားတွေကမင်းရဲ့နာကျည်းမှူနဲ့ဒေါသကိုသက်သာအောင်လုပ်နိုင်မယ်မထင်ဘူး မင်းကိုယ့်ကိုယ်မယုံကြည်နိုင်တာနားလည်ပါတယ် ဒီအခန်းထဲမှာ မင်းဖေဖေရှိတယ် အရင်၀င်သွားတွေ့လိုက်ပါ ယောင်းရို....."

ဟေးအင်ညွန်ပြတဲ့ အခန်းထဲသူ၀င်ခဲ့လိုက်တယ် ၀င်၀င်ချင်း အခန်းထဲက ဆိုဖာပေါ်သက်တောင့်သက်သာထိုင်ရင်း စာရွက်စာတမ်းတစ်ချို့ကိုတွေကိုစိတ်၀င်တစားဖက်နေတဲ့ ဖေဖေ့ကိုတွေ့လိုက်ရတယ်....

PluvioPlile 🌧(complete) Where stories live. Discover now