"ကင်ဆော့ဂျင်ဆိုတဲ့ ကောင်လေးအနားရောက်သွားတာနဲ့ အကုန်လုံးကိုမေ့သွားတာတော့မဟုတ်ဘူးမလား ဂျောင်ကု...."
အိမ်ထဲ၀င်၀င်ချင်း ပြုံးရယ်ရင်း မေးလာတဲ့ သူ့အစ်ကိုမေးခွန်းကြောင့် ဂျောင်ကုမျက်မှောင်ကြုတ်လိုက်မိတယ်....
"ဘာပြောချင်တာလဲ hyung... "
"မင်းတို့အများကြီး နီးစပ်နေပေမဲ့ ဆော့ဂျင်ဆီကသိရတာဘာမှမရှိဘူးလေ ကင်နမ်ဂျွန်းက အရမ်းပါးနပ်တယ် သူ့ကိုနောက်ယောင်ခံလိုက်ခိုင်းထားတာကို ရိပ်မိသွားပြီ hyung လူတွေသူ့ဆီမှာမိတော့မလိုဖြစ်သွားသေးတယ် ကံကောင်းလို့ရှောင်နိုင်ခဲ့တာ...."
အဲဒီစကားပြောချိန်မှာတော့ hyung မျက်နှာကအလေးအနက်ပြောနေမှန်းသိသာအောင် တည်သွားခဲ့တယ်....
"အဲဒါက မင်းဆော့ဂျင်ကိုပိုင်ဆိုင်နိုင်ဖို့နဲ့ မင်းရည်ရွယ်ထားတဲ့အမြင့်ဆုံးနေရာရောက်ဖို့ တစ်ခုတည်းသောနည်းလမ်းပဲဂျောင်ကု မင်းတွေ၀ေနေလို့မရဘူး လက်ရှိအခြေအနေမှာတောင်မင်းကိုသူတို့လုံး၀လက်မခံတာ မင်းအစ်ကိုရဲ့အရင်ကသရုပ်မှန်ကိုသာသိသွားရင် လက်စဖျောက်ပစ်ဖို့တောင်၀န်လေးမှာမဟုတ်ဘူး ရွေးစရာမရှိဘူးဂျောင်ကု
ကင်မိသားစုနဲ့ ပက်ပက်သက်သက်လုပ်ချင်တယ်ဆိုရင် သူတို့ရဲ့ကြီးမားတဲ့အားနည်းချက်ကို ငါတို့ရှာထားနိုင်ရမယ်....""ဟင်းးးးး
ဂျောင်ကု သက်ပြင်းချပြီးခေါင်းငြိမ့်ပြလိုက်တယ်....
"နားလည်ပါပြီ hyung... "
ဆော့ဂျင်ကိုအသုံးချပြီး ဆော့ဂျင်မိသားစုရဲ့အားနည်းချက် ကိုရှာတာမျိုးမလုပ်ချင်ပေမဲ့ ရွေးချယ်စရာမှမရှိခဲ့ဘဲ ...
နားလည်ပေးပါ ကိုယ့်ပိုးဥလုံးလေးရယ်
ကိုယ်လုပ်သမျှဟာ မင်းနဲ့နီးဖို့အတွက်ပါ မင်းလည်းကိုယ်နဲ့တစ်သက်လုံးပျော်ပျော်ရွင်ရွှင် အတူရှိသွားချင်တယ်မဟုတ်လား ကိုယ့်ကိုခွင့်လွှတ်ပါကွာ....>>>>>
ကြည်စင်နေတဲ့ ကောင်းကင်ပြာပြာကိုပြတင်းကတစ်ဆင့်ငေးကြည့်ရင်း ဆော့ဂျင် ဂျောင်ကုနဲ့ဖုန်းပြောနေခဲ့တယ်...
YOU ARE READING
PluvioPlile 🌧(complete)
Fanfictionငါချစ်ရတဲ့ မိုးရေတွေထဲ မုန်းစရာကောင်းတဲ့ မင်းနဲ့ဆုံခဲ့တယ် မင်းကတော့ ပြောင်းလဲလွယ်တဲ့လူပဲ အရင်ကသိပ်မုန်းတဲ့မိုးနေ့တွေကိုတောင် ခုတော့ချစ်တက်လာပြီတဲ့လေ.....