part 🌷22

1.6K 274 66
                                    

ဂျွန်ဂျောင်ကုမြင်ကွင်းထဲ မနေမိအောင်  ရှောင်ပြေးခြင်းဟာ  မှန်ကန်တဲ့ဖြေရှင်းနည်းဟုတ်ရဲ့လားဆော့ဂျင်  စိတ်ထဲမသေချာ...

အစက   မုန်းလွန်းလို့  ရှောင်ပြေးချင်ခဲ့တဲ့  အဲဒီ Alfa
အခုတော့  ရင်ခုန်မိလို့  ပတ်ပြေးပြီးရှောင်နေရတယ်တဲ့လား   ကင်ဆော့ဂျင်တို့ရာဇ၀င်ရိုင်းလိုက်ပုံများ..

Dominate Alfa တွေ အထူးသဖြင့် ဂျွန်ဂျောင်ကုလို Alfa မျိုးတွေကိုမုန်းလှပါချည်ရဲ့ဆိုပြီး  သူငယ်ချင်းတွေရှေ့  ကြွေးကြော်ထားခဲ့တာကရောဘယ်လောက်ကြာသေးလို့လဲ...

စကားကျွံရင်နှုတ်ရခက်တယ်ဆိုတာအမှန်ပဲ   အခုဆိုဂျောင်ကုနဲ့ပက်သက်ပြီး  ဘယ်လိုခံစားရတယ်ဆိုတာကိုတောင်ရင်ဖွင့်ရမဲ့လူမရှိဘူး 
နောက်ဆိုရင်   စကားကြီးစကားကျယ်တွေအလွန်အကြူးမပြောမိအောင်ထိန်းမှထင်တယ်....

"ဆော့ဂျင်  အပြင်မှာ စီနီယာရောက်နေတယ် 
မင်းကိုလာရှာတာတဲ့ ..."

"အပိုတွေပြောပြီးလာနောက်မနေနဲ့ ဂျီမင်း  ဒီအချိန်ဆို  သူဘေ့စ်ဘော လေ့ကျင့်နေကြ   လူသစ်တွေကိုလည်းကူပြီးလေ့ကျင့်ပေးရတာနဲ့   ဒီကိုရောက်လာမှာမဟုတ်ဘူး ..."

အရင်တစ်ပတ်လုံး   ဂျီမင်းနဲ့ထယ်ယောင်းဆီက  ဒီလိုအစခံရတာရိုးနေပြီ   သူလန့်ပြီးပြေးပုန်းတာနဲ့   အဲဒီအကျင့်မကောင်းတဲ့ကောင်တွေက   ထိုင်ရယ်ကြရောလေ
ဒီတစ်ခါတော့ကင်ဆော့ဂျင်တို့  အညာမခံတော့ဘူး
ဂျွန်ဂျောင်ကုအချိန်ဇယားတွေကိုလည်း   သူအလွတ်မှတ်မိနေပြီလေ  
ဂျီမင်းကတော့  လက်လျော့သေးပုံမရဘူး  ရုပ်တည်နဲ့ထပ်ပြောနေတယ်
ကင်ဆော့ဂျင်ကိုများ   အတယ်ထင်နေသလားမသိ
ဒီအကွက်လောက်ရိုးးးးဟိုးးးနေပြီကွ....

"ဒီတစ်ခါငါတကယ်ပြောနေတာ  ဆော့ဂျင်  မင်းအခုပြေးပုန်းရင်မှီသေးတယ်..."

"တော်တော့ဂျီမင်း   ခဏလောက်ငါစာကြည့်တိုက်မှာနေပါရစေဦး  တစ်ပတ်လုံး  ဂျွန်ဂျောင်ကုနဲ့မဆုံအောင်ပတ်ရှောင်ရတာနဲ့   ကျောင်းထဲကချောင်ဂျိုချောင်ကြားမကျန်ငါရောက်ဖူးနေပြီ   ငါ့ကိုယ်ငါကြွတ်တစ်ကောင်လို့တောင်ခံစားနေရတာသိလား  ..."

PluvioPlile 🌧(complete) Donde viven las historias. Descúbrelo ahora