ဒီလူကဘာလဲ....
သူ့ကိုသေချာစိုက်ကြည့်ပြီး ရှေ့တိုးလာတဲ့လူကြောင့်
ဆော့ဂျင်စိတ်အလိုမကျဖြစ်သွားရတယ်....သူမေးတာမဖြေဘဲ လူကိုလာစိုက်ကြည့်နေတာလေ ...
အဲဒီလူရဲ့မျက်လုံးတွေက သူ့ကိုကျောထဲစိမ့်သွားအောင်လုပ်နိုင်တယ်...
သေချာတာတော့ Alfa တစ်ယောက်ပဲခန္တာကိုယ်တည်ဆောက်ပုံတွေ ဒီလိုမျိိုးအထက်စီးဆန်ပြီးအမိန့်ပေးချင်နေတဲ့ မထီမဲ့မြင်အကြည့်တွေ...လုံး၀အသိသာကြီးပဲမဟုတ်လား Alfa ဆိုတာ....
သူတကယ်ငြီးငွေ့နေပြီ စိုးမိုးချယ်လှယ်ချင်တဲ့
Alfa တွေ အထူးသဖြင့် dominate Alfa တွေပေါ့ သူ့ဆွေမျိုးမိသားစုထဲက Alfa တွေကိုကြည့်ပြီးတကယ်စိတ်ကုန်ခဲ့တာ mate အပေါ်လွှမ်းမိုးအမိန့်ပေးမယ် ယှဥ်ပြိုင်မယ် တိုက်ခိုက်မယ်
ဒေါသကြီးပြီး ထိန်းချုပ်ရခက်တယ် mate မရှိသေးတဲ့ Alfa တွေဆို အရမ်းထိန်းသိမ်းရခက်တာ
Rut ကာလတွေဆို ထိန်းချုပ်ဆေးတိုက်ထားရင်တောင် လုံး၀အထိမခံ ဒေါသထွက်ကြတဲ့သူတွေသူ့ကို Beta အဖြစ်မွေးလာစေတဲ့ ဘုရားသခင်ကိုတကယ်ကျေးဇူးတင်တာပဲ
....သူ့ရှေ့ကလူက လူငယ်ဆိုပေမဲ့ အတော်သန်မာမဲ့ပုံပဲ
ဒါပေမဲ့
သူက beta ပဲလေ တစ်ဖက်လူကိုနာခံစေချင်တဲ့အချိန်ထုတ်တက်တဲ့ ရှေ့က Alfaရဲ့ဟော်မုန်းတွေကသူ့အပေါ်ဘယ်လိုမှ သက်ရောက်မှာမဟုတ်ဘူး...."ရှေ့ဆက်မတိုးနဲ့ ခင်ဗျားကိုယ်ထဲကိုကျည်ဆံတွေဖြတ်၀င်သွားမှာမလိုလားရင်ပေါ့...."
ဆော့ဂျင်အဲဒီလူနဲ့အကြည့်ဆုံပြီး မာကျော ပြတ်သားတဲ့လေသံနဲ့ပြောလိုက်တယ်....
"အဟင်းးးးစိတ်၀င်စားစရာပဲ
မင်းဆီကရတဲ့ ကြာပန်းရနံ့လေးကိုသဘောကျမိတယ်
ကိုယ်မသေချင်သေးပါဘူး မင်းနဲ့ပြန်တွေ့ချင်သေးတာလေ.."သူစကားသွားမပြောခင်အထိ ၀မ်းနည်းနာကျင်နေပုံရတဲ့ အနှီလူဟာ ခုကျလုံး၀ဆန့်ကျင့်ဘက်ပုံစံမျိုး
ရိသဲ့သဲ့မထီတရီလေသံနဲ့ တုန့်ပြန်လာတယ်
Mask သာမတပ်ထားရင် အဲဒီလူမျက်နှာမှာ
သူ့ကိုသွေးတိုးစမ်းချင်တဲ့ ပုံစံနဲ့ လှောင်ပြုံးတစ်ခုရှိနေမှာအသေအချာပဲ....
ESTÁS LEYENDO
PluvioPlile 🌧(complete)
Fanficငါချစ်ရတဲ့ မိုးရေတွေထဲ မုန်းစရာကောင်းတဲ့ မင်းနဲ့ဆုံခဲ့တယ် မင်းကတော့ ပြောင်းလဲလွယ်တဲ့လူပဲ အရင်ကသိပ်မုန်းတဲ့မိုးနေ့တွေကိုတောင် ခုတော့ချစ်တက်လာပြီတဲ့လေ.....