"ဒီနေရာကိုလာရဲသေးတာလား ခင်းဗျားကတကယ်ကိုအကြံအစည်များ ကောက်ကျစ်တဲ့ကောင်ပဲ ခင်ဗျားညီလည်းအတူတူပဲ
အခုဆော့ဂျင်ဘယ်မှာလဲ ခင်ဗျားကိုမသတ်မိခင်ပြန်ခေါ်ခဲ့လိုက် ဂျွန်ဟေးအင်...."ကင်အိမ်တော်ထဲရောက်လာတဲ့ ဂျွန်ဟယ်အင်းအတွက် ကြိုဆိုနှုတ်ဆက်မှုကတော့ မလှ...
အိမ်ထဲရောက်ရောက်ချင်း ရင်၀ကိုသေနတ်နဲ့လှမ်းမပစ်တာပဲ တော်သေးတယ်သတ်မှတ်ရမည်...
လူချင်းတိုက်ခိုက်ဖို့ မကြောက်ပေမဲ့ ကျည်ဆံကိုတော့သူမရှောင်နိုင် အထူးသဖြင့် သေနတ်ပစ်တဲ့နေရာမှာ အတော်ကလေးလက်ဖြောင့်တဲ့သူလို့ချီးကျူးသတ်မှတ်ခံထားရတဲ့ နမ်ဂျွန်းသာသူ့ကိုပစ်မယ်ဆို ချက်ကောင်းထိပြီးသေလိုက်ရုံကလွဲပြီး အခြားရွေးစရာရှိမှာမဟုတ်ဘူး..."စိတ်လျော့ထားပါ ကျွန်တော်တို့ကအမျိုးတွေဖြစ်လာတော့မှာပဲလေ ကင်နမ်ဂျွန်းရဲ့
ဆော့ဂျင်ကောင်းကောင်းမွန်မွန်ရှိနေပါတယ်
ဂျောင်ကုကလည်း ဆော့ဂျင်ကိုဆံချည်တမျှင်တောင်မထိခိုက်အောင်ကာကွယ်စောင့်ရှောက်ပေးနေတာပါ.....""ကျက်သရေမရှိတဲ့မနက်ခင်းပဲ ခင်ဗျားရဲ့ တကယ့်အကြံအစည်အစစ်ကဘာလဲ ဦးလေးအွန်နဲ့ယောင်းရိုရောဘယ်မှာလဲ ကျုပ်ခင်ဗျားကိုဒီနေရာမှာတင်သတ်မပစ်ဘူးလို့အာမခံနိုင်ဘူးဂျွန်ဟေးအင်..."
ဟေးအင်မျက်နှာပေါ် သရော်ပြုံးငွေ့ငွေ့လေးဖြတ်သန်းသွားတယ်....
အဲဒီလိုသရောပြုံးကိုမြင်လိုက်ရချိန် နှုတ်ခမ်းတွေ တဆက်ဆက်တုန်လာတဲ့ထိနမ်ဂျွန်းဒေါသထွက်မိတယ်...
ဒီလိုသက်တောင့်သက်သာ ရှိနေနိုင်တဲ့ ဂျွန်ဟေးအင်မှာ ဘယ်လို၀ှက်ဖဲများရှိနေမလဲ ...ဂျွန်ဟေးအင်ဟာ နိုင်ငံတော်အဆင့် ထိပ်တန်းလျို့၀ှက်အေးဂျင့်ဖြစ်ခဲ့ကြောင်း လွန်ခဲ့တဲ့တစ်ရက်လောက်ကမှသူအတည်ပြုနိုင်ခဲ့တယ်...
ဒီလိုလူရဲ့လက်ထဲ ဘယ်လို၀ှက်ဖဲမဆိုရှိနေနိုင်တယ်မဟုတ်လား ...
"ဂျောင်ကုကို ဆော့ဂျင်နဲ့ကြည်ကြည်ဖြူဖြူသဘောတူပြီး လက်ထပ်ပေးစေချင်တယ်
လက်ဖွဲ့အဖြစ်ကတော့ မကြာခင်ဖွင့်မဲ့ရေအောက်အပန်းဖြေဟော်တယ်ဆိုဘယ်လိုလဲ
အဲဒီအတွက် အများကြီးအင်အားသုံးရင်းနှီးခဲ့တာမဟုတ်လား မျိုးဆက် 3 ခုလုံးမှာတစ်ဦးတည်းရှိတဲ့ အိုမီဂါညီလေးအတွက် လက်ဖွဲ့သင့်တယ် ဂျောင်ကုက အရည်ချင်းရှိတဲ့သူမို့ ကောင်းကောင်းကိုင်တွယ်စီမံနိုင်မှာပါ
ESTÁS LEYENDO
PluvioPlile 🌧(complete)
Fanficငါချစ်ရတဲ့ မိုးရေတွေထဲ မုန်းစရာကောင်းတဲ့ မင်းနဲ့ဆုံခဲ့တယ် မင်းကတော့ ပြောင်းလဲလွယ်တဲ့လူပဲ အရင်ကသိပ်မုန်းတဲ့မိုးနေ့တွေကိုတောင် ခုတော့ချစ်တက်လာပြီတဲ့လေ.....