ဒုန်းးးးဒုန့်းးးး
ဆော့ဂျင် ဆော့ဂျင် အိပ်ယာထတော့ ဘယ်ချိန်ရှိပြီလဲသိလား...
မင်းမထရင် ငါ၀င်လာမယ်နော်........
အခန်းတံခါးကို အပြင်ကတဒုန်းဒုန်းထုနေသံကိုလည်းကြားရသည် အပြင်ကနေနှိုးနေသူဟာ ဂျီမင်းမှန်းလည်း သူသိသည်....
ပြသာနာက သူချက်ချင်းကုန်းမထနိုင်
အရင်လို ခပ်စွာစွာလှမ်းအော်ဖို့ တောင်အင်အားမရှိ ဖြစ်နိုင်ရင် လေတိုးတောင်မခံချင်....ညကဘယ်ချိန်အိပ်ပျော်သွားမှန်းမသိပေမဲ့ မနက်နိုးလာတော့ သူ့တစ်ကိုယ်လုံး ပူလောင်ကိုက်ခဲနေသည်
ရှိသမျှအားတွေကို တစ်ညတည်းနဲ့ အကုန်စုပ်ယူခံလိုက်ရသလိုပဲ
၀မ်းဗိုက်ထဲက နာကျင်မှူကလည်း တရိပ်ရိပ်တက်နေသည် ကြောက်ရွံ့အားငယ်စိတ်တွေက အရင်နဲ့မတူသိသိသာသာပေါ်လာသည်
ဒါမျိုး၀ေဒနာက သူ့အတွက်ပထမဆုံးဖြစ်နေတာမို့
မေမေရေ ဆိုပြီးပြေးသွားလိုက်ချင်ပေမဲ့
အခန်းပြင်ပြေးထွက်နိုင်လောက်တဲ့ ခွန်အားလည်းရှိနေခဲ့....လူးလိမ့်ညည်းတွားရင်း ခက်ခက်ခဲခဲ တစ်မှေးပြန်အိပ်ပျော်သွားခဲ့ပေမဲ့ ခုတော့ဂျီမင်းကြောင့်နိုးလာရသည်....
ပထမအကြိမ်နိုးလာတုန်းကလို ၀ေဒနာတွေကို အစကနေပြန်ခံစားရပြန်သည်....Heat လာချိန်ဖြစ်နေတာမို့ ပုံမှန်မဟုတ်တဲ့ရနံ့တွေအခန်းထဲပျံ့နေမှန်းလည်း ဆော့ဂျင်မသိ....
အခန်းထဲကို ဂျီမင်းအမြန်၀င်လာပါစေဟုသာ ဆုတောင်းမိတော့သည်....
"ဆော့ဂျင် မင်းးးးးးနောက်ဆုံးတော့အဲဒါဖြစ်လာပြီပဲ အခုမင်းရဲ့Heat ကာလပဲ....
ဘယ်လိုလုပ်ရမလဲ ခဏလေး ငါမင်းမေမေကိုသွားခေါ်လိုက်မယ် ဘာမှမဖြစ်ဘူးနော် ဆော့ဂျင်စိတ်အေးအေးထား ဒါကပုံမှန်ပဲ....."သူ့အနားအပြေးရောက်လာပြီး မေမေ့ကိုခေါ်ဖို့ပြန်ပြေးထွက်သွားတဲ့ ဂျီမင်းကျောပြင်ကိုကြည့်ပြီး ခပ်တိုးတိုး ညည်းငြူမိတော့သည်....
...ဒါကပုံမှန်ပဲ တဲ့လား Omega တစ်ယောက်အတွက် ဒီလိုအခြေအနေက ပုံမှန်တဲ့လား ဒီလိုဆိုးရွားတဲ့နာကျင်မှု ထူးဆန်းပြီး တစ်စုံတစ်ခုကိုလိုလားတောင့်တမိနေတဲ့ စိတ်မျိိုးဖြစ်နေခဲ့တာက အိုမီဂါတွေအတွက်ပုံမှန်တဲ့လား.....
VOCÊ ESTÁ LENDO
PluvioPlile 🌧(complete)
Fanficငါချစ်ရတဲ့ မိုးရေတွေထဲ မုန်းစရာကောင်းတဲ့ မင်းနဲ့ဆုံခဲ့တယ် မင်းကတော့ ပြောင်းလဲလွယ်တဲ့လူပဲ အရင်ကသိပ်မုန်းတဲ့မိုးနေ့တွေကိုတောင် ခုတော့ချစ်တက်လာပြီတဲ့လေ.....