part 🌷28

1.7K 254 39
                                    

ဟူးးးးး

ဂျောင်ကု  ကျောင်းဆေးခန်းရှေ့ကနံရံကိုမှီရင်း  သက်ပြင်းချမိသည်....
အထဲကို၀င်ပြီးဆော့ဂျင်ဆီသွားလိုက်ချင်ပေမဲ့ 
ဒေါက်တာအွန်ကခွင့်ပြုမှာမဟုတ်...

ခုဏတောင်  သူ့ကိုမျက်မှောင်ကြုတ်ပြီး  မလိုလားသလိုကြည့်နေခဲ့တာလေ   စိတ်ရှုတ်ထွေးနေပုံလည်စရတယ်

ဆော့ဂျင် အိုမီဂါမှန်း  သူသိနေလို့ထင်ပါတယ်
ဒါကတော့  ဖြစ်သင့်တာပဲလေ  hyung ပြောပုံအရဆို ဒေါက်တာအွန်က  ကင်မိသားစုကို  သူ့တို့ရဲ့ကျေးဇူးရှင်  ကယ်တင်ရှင်လို့ပဲနားလည်ထားတာတဲ့

သူ့ ရင်ထဲပူလောင်လာတယ်   ဒီအတိုင်းဆိုသေချာပေါက်သူ့အိမ်ကိုပြန်ပြောတော့မှာပဲ
ဒေါက်တာအွန်ကို  မပြောဖို့   အကူညီတောင်းရမလား  ဟူးးးး  မလွယ်ဘူး
ကိုယ့်မှာလည်း  ဆူးတွေကြားက အထိမခံကလေးကိုမှချစ်မိသွားရတယ်လေ ...

လောလောဆယ်တော့    ဆော့ဂျင်သက်သာရဲ့လားအရင်ပူရတယ်  ဆော့ဂျင်ရဲ့ heat ကာလဟာအတော်ကလေးပြင်းထန်ပုံပဲ  အောက်နှုတ်ခမ်းဖူးဖူးကလေးကိုဖိကိုက်ပြီး  ၀ေဒနာကိုကြိတ်မှိတ်သည်းခံနေတဲ့  တော့ဂျင်မျက်နှာကလေးကို   မျက်လုံးထဲကထုတ်မရ...

ဆော့ဂျင်ကလေ  သူထင်တာထက်ပိုပြီး စိတ်အားထက်သန်မှူပြည့်နေတဲ့ကောင်လေးပဲ....
လိုချင်တဲ့အရာအတွက်   ကိုယ့်ကိုယ်ကိုခက်ခဲအောင်လုပ်ဖို့၀န်မလေးတဲ့ပုံစံမျိုး...

သူ့ကိုယ်သူတဇွတ်ထိုးနိုင်တယ်ထင်ခဲ့ပေမဲ့ ဆော့ဂျင်ကလည်းသူနဲ့မထူးမခြားပင်....
အသွင်တူလို့အိမ်သူဖြစ်တက်တယ်ဆိုပေမဲ့    ဘာကိုမှထည့်မတွက်ဘဲ   နှစ်ယောက်လုံးတဇွတ်ထိုးတွေချည်းလုပ်မယ်ဆို   ရလာမဲ့ အကျိုးဆက်တွေကမတွေးရဲစရာပဲ    ဆော့ဂျင်မထိခိုက်ရအောင်   အတက်နိုင်ဆုံးသူ့ခံစားချက်တွေအတိုင်း    တဇွတ်ထိုးမလုပ်မိဖို့  ထိန်းသိမ်းရဦးမည်  ....

ရင်ပူလိုက်ရတာ  ဆော့ဂျင်ရယ်   အသိုင်း၀ိုင်းကြီးထဲကအသက် 20 ကျော်ရည်းစားကလေးကိုကိုယ့်မှာ  နေမထိထိုင်မသာလွန်လွန်ကဲကဲပူပင်နေမိတာ   ရယ်စရာများကောင်းနေမလား....

PluvioPlile 🌧(complete) Where stories live. Discover now