အိုမီဂါနဲ့ အယ်ဖာစုံတွဲတွေဟာ အမှတ်သားလုပ် ချည်နှောင်လိုက်တာနဲ့ တစ်ယောက်ရဲ့အဆင်မပြေမှူ တွေကိုအလိုလိုနားလည်ခံစားနိုင်ကြတယ်တဲ့
သူကတော့ mark ပေးဖို့ထက် နှလုံးသားချင်းနီးကပ်ဆက်သွယ်မယ်ဆို ချစ်ရသူရဲ့၀မ်းနည်အဆင်မပြေမှုတွေကို ခံစားသိရှိနိုင်မယ်လို့ယုံထားတဲ့သူမျိုး...ဒီတစ်ညနေလုံး သူ့စိတ်ထဲလေးပင်နေခဲ့တာ
ဆော့ဂျင်ဆီစာတွေပိို့ပေမဲ့ seen သာပြသွားတယ် ဘာစာမှမပြန်ခဲ့ဘူး
ဆော့ဂျင်နဲ့သူ ဖုန်းကနေတစ်ဆင့်ဆက်သွယ်တဲ့အချိန်တွေမှာသိခဲ့တာက ဆော့ဂျင်ရဲ့ reply တွေကဒုံးဂျည်ထက်မြန်တယ်ဆိုတာပဲ
စာ၀င်မဖက်ရင်သာကြာတက်တာ seen ပြပြီဆိုချက်ချင်းစာပြန်တာမျိုး...
အခြားအကြောင်းကိစ္စရှိနေတာဖြစ်နိုင်တယ်လို့ဖြည့်တွေးနေပေမဲ့ ဆော့ဂျင်ရဲ့အဆင်မပြေမှူကိုသူ့စိတ်ကခံစားလို့ရနေတယ်2ကြိမ်မြောက်ဖုန်းခေါ်မိချိန်မှာ ဆော့ဂျင်သူ့ဖုန်းကိုကိုင်ခဲ့တယ်...
အသံရှူသံမျှင်းမျှင်းကလေးထွက်နေရုံကလွဲပြီး
ဘာအဖြေမှမရှိဘဲ အကြာကြီးငြိမ်နေခဲ့တယ်.
..
အတော်ကြာမှ ခံစားချက်တွေ အဆင်ပြေပုံမရတဲ့လေသံနဲ့ သူ့အိမ်နားလာဖို့ပြောလာတယ်...မြင်မြင်ချင်းသူ့ရင်ခွင်ထဲ ပြေး၀င်လာပြီးငိုနေတဲ့ ဆော့ဂျင်ကြောင့် သူ့စိတ်တွေပူပန်ဗြောင်းဆန်လာခဲ့တယ်
ဘယ်သူဖြစ်ဖြစ် ဆော့ဂျင်ကို၀မ်းနည်းထိခိုက်အောင်လုပ်ခွင့်မပြုနိုင်ဘူး..."အချစ် တကယ်လို့ ကျွန်တော်ကကိုယ်၀န်မဆောင်နိုင်တဲ့ အိုမီဂါဆိုဘယ်လိုလုပ်မှာလဲဟင်..."
ဆော့ဂျင်ဆီကကြားလိုက်ရတဲ့ အဆက်စပ်မရှိတဲ့စကားကြောင့် ဆော့ဂျင်ငိုနေရတဲ့ အကြောင်းရင်းကိုနားလည်သဘောပေါက်သလိုရှိလာတယ်....
ဆော့ဂျင်ငယ်ငယ်က အယ်ဖာဗီဇပြောင်းဆေးတွေထိုးတာခံခဲ့ရတဲ့အကြောင်း ဒီညနေလေးတင်ပဲ hyung ဆီကသိခဲ့ရတာ....
အစကဆော့ဂျင်ဟာ ငယ်ငယ်ကမွေးရာပါချူချာတဲ့ကလေးဖြစ်ခဲ့တယ်ပဲထင်ခဲ့တာ
အမှန်တရားးက ပြင်းထန်တဲ့ ဟော်မုန်းဆေးတွေရဲ့ side effects တွေခံခဲ့ရတာတဲ့လေ...
အဲဒါက သူ့မိဘတွေကိုယ်တိုင်ရွေးချယ်ခဲ့တဲ့ မှားယွင်းတဲ့ဆုံးဖြတ်ချက်ပဲ
ဒါတွေ သိရရင်ဆော့ဂျင်ဘယ်လိုများခံစားရမလဲ ဒီလိုကိစ္စမျိုး တွေးကြည့်ဖူးမှာတောင်မဟုတ်ဘူးလေ
ဒီတိုင်းလေးက ပိုအဆင်ပြေမယ်ဆို
ဒီကိစ္စတွေကို သူတစ်သက်လုံးဖုံးကွယ်သွားပေးနိုင်ပါတယ် ချစ်ရတဲ့ဒီပိုးဥလုံးကလေးကို
လူရောစိတ်ရော နည်းနည်းကလေးမှထပ်မထိခိုက်စေချင်တော့ပါ.....
YOU ARE READING
PluvioPlile 🌧(complete)
Fanfictionငါချစ်ရတဲ့ မိုးရေတွေထဲ မုန်းစရာကောင်းတဲ့ မင်းနဲ့ဆုံခဲ့တယ် မင်းကတော့ ပြောင်းလဲလွယ်တဲ့လူပဲ အရင်ကသိပ်မုန်းတဲ့မိုးနေ့တွေကိုတောင် ခုတော့ချစ်တက်လာပြီတဲ့လေ.....