"ကျွန်တော် ထယ်ယောင်းတိို့နဲ့အပြင်ထပ်သွားချင်တယ်..."
"ဘာလဲ ဘော်ဒီဂတ်တွေမပါပဲထပ်သွားချင်တာလား
မရဘူးဆော့ဂျင် ဒီတိုင်းလျှောက်သွားတာကဘယ်လောက်အန္တရာယ်များလဲ ..."နမ်ဂျွန်း ဆော့ဂျင်စကားဆုံးတာနဲ့ထကန့်ကွက်လိုက်တယ် ....
"မုန်းတယ် ဘယ်သွားသွားနောက်ကတကောက်ကောက်လိုက်ကြည့်ခံနေရတာစိတ်ကုန်နေပြီ လွတ်လွတ်လပ်လပ်ပဲနေချင်တယ်..."
ဆော့ဂျင် မနက်စာစားနေရင်း ကော်ဖီခွက်ကိုခုံပေါ်ဆောင့်ချပြီးစူးစူး၀ါး၀ါးအော်ပြောလိုက်တယ်...
"အလိုလိုက်ထားလို့ မင်းဒီလိုဆိုးနေတာပဲ
မင်းဘာလိုချင်လဲ hyung ၀ယ်ပေးမယ် စိတ်ဆိုးမနေနဲ့ အစားကိုသေချာစား..."နမ်ဂျွန်းကတော့ ဆော့ဂျင်ရဲ့အပြုအမူအပေါ်စိတ်ဆိုးဟန်မပြ ဆော့ဂျင်ရဲ့ပုံမှန်အပြုအမူတွေမို့ရိုးနေတာဖြစ်နိုင်သည် လေသံခပ်အေးအေးနဲ့ချော့မော့ဖို့ကြိုးစားနေခဲ့တယ်...
ကျန်တဲ့မိသားစု၀င်တွေကတော့ တစ်ခွန်းမှ၀င်မပြောဘဲ ဆော့ဂျင်တို့ညီအစ်ကိုနှစ်ယောက်ရဲ့ အခြေအနေကိုအကဲခတ်နေကြတယ် အေးဆေး မနက်စာစားမပျက်ကြ ဒါဟာဒီအိမ်ရဲ့ပုံမှန်အခြေအနေတစ်ခုပဲမဟုတ်လား....
အိမ်ကခွင့်မပြုနိုင်တာတွေကို ဆော့ဂျင်ကတောင်းဆိုမယ် စိတ်ဆိုးမယ် ဂျီတိုက်မယ်...
တော်ရုံကိစ္စတွေဆို လိုက်ရောတက်ပေမဲ့ အခုလိုဆော့ဂျင်တောင်းဆိုတဲ့ ကိစ္စမျိုးကိုတော့ ဘယ်တော့မှအလွယ်တကူလိုက်လျောလေ့မရှိကြ..."ကျွန်တော်ကို အပြင်ပေးထွက် ကျွန်တော်ရည်းစားထားတော့မှာ...."
"ဘာ ဘာပြောလိုက်တာလဲဆော့ဂျင် hyung နားကြားလွဲတာလား ..."
"ဖေဖေကြားလိုက်တာ အမှန်မဟုတ်ဘူးမလား...."
Hyungတင်မက ဖေဖေကပါ စားလက်စကိုရပ်ပြီးသူ့ကိုမေးလာတယ် သူ့အဖြေကိုမကြားမချင်းကျောက်ရုပ်တွေလိုတောင့်တင်းပြီး သူကိုစိုက်ကြည့်နေကြတာ အေးစက်တဲ့အကြည့်တွေကိုနည်းနည်းမှနေရာမရွေ့ဘဲနဲ့လေ...
မေမေနဲ့အစ်ကိုဟိုဆော့တောင်အဆစ်ပါသေး
ဒါလေးပြောတာကို တစ်မိသားစုလုံးဆီက သူ့ကိုတရားခံလို၀ိုင်းကြည့်နေတော့တာပဲ
အသက်ပဲ 20 ဖြစ်နေပြီကို....
YOU ARE READING
PluvioPlile 🌧(complete)
Fanfictionငါချစ်ရတဲ့ မိုးရေတွေထဲ မုန်းစရာကောင်းတဲ့ မင်းနဲ့ဆုံခဲ့တယ် မင်းကတော့ ပြောင်းလဲလွယ်တဲ့လူပဲ အရင်ကသိပ်မုန်းတဲ့မိုးနေ့တွေကိုတောင် ခုတော့ချစ်တက်လာပြီတဲ့လေ.....