"အဲဒီတော့ ကိုယ့်ပူတူးရဲ့hyung ကဘာပြောလဲ..."
"အိမ်ကကားနဲ့သွားတဲ့လေ လေ့လာရေးခရီးသွားတာကို အိမ်ကားနဲ့သွားတဲ့ အချစ်ပဲစဥ်းစားကြည့် ဘယ်လိုလုပ်ပျော်စရာကောင်းတော့မှာလဲ..."
နှုတ်ခမ်းစူကာ ခေါင်းကိုခါးယမ်းပြီး မျက်နှာအမူအယာအမျိုးမျိုးလုပ်ကာ ပြောပြနေတဲ့ ဆော့ဂျင်က တကယ့် ၂နှစ်သားပေါက်စကလေးလိုပဲ....
ဒီတိုင်းလေး ဘေးကထိုင်ငေးနေရရုံနဲ့တောင် သူ့ရဲ့ကိုယ်ပိုင်ကမ္ဘာထဲပန်းတွေပြည့်နေတော့တာ ...
ဒီအမျိုးသားလေးကို ပိုင်ဆိုင်ချင်မိတာလွန်တယ်လို့တော့မထင်မိဘူး....
"အင်းးးးအဲဒီတော့..."
"မရရအောင်ပြောခဲ့တာပေါ့ ကလေးရသွားတော့လေ hyung ကနည်းနည်းလေးပျော့ပြောင်းလာသလိုပဲ အစ်ကိုဟိုဆော့ကိုလည်း အရင်ကထက် ဂရုစိုက်ပေးလာတယ် သိလား ..."
"အင်းးးးအဲဒီလိုဖြစ်သင့်တာပေါ့ ဒီလိုဆို ပူတူး hyung ကထင်သလောက်မဆိုးဘူးပဲ...."
"ဘာလဲ အချစ်က hyung ကိုဆိုးတယ်လို့မြင်နေတာလား လုံး၀အဲဒီလိုမဟုတ်ပါဘူးနော်
ကျွန်တော့်ကိုချုပ်ချယ်တာလည်းစိတ်ပူလိို့ပါ
ပြီးတော့ အမြဲတမ်း ရန်ပုံငွေတွေလည်း ထည့်လေ့ရှိတယ် သဘာ၀ဘေးတွေကြောင့်ပြန်လည်ထူထောင်ရေးလုပ်ရတဲ့နေရာတွေ
ပြီးတော့ အနုပညာပြတိုက်တွေကိုရောပဲ
ဒီတိုင်းမသိတဲ့သူများပေမဲ့ hyung ကအနုပညာနဲ့ သဘာ၀ကိုလည်းချစ်မြတ်နိုးတဲ့သူပါနော်
မကောင်းတဲ့သူမဟုတ်ဘူး......"ဆော့ဂျင်က လူအမြင်မှာ အဆိုးလေးလုပ်နေပေမဲ့ မိသားစုကိုတော့ အတော်လေးတန်ဖိုးထားပြီးချစ်တဲ့ပုံစံမျိုးပဲ....
"ကိုယ်ကသဘောပြောတာပါ ပူတူးရာ နှုတ်ခမ်းစူမနေနဲ့တော့ ဒါနဲ့လေ
ပူတူး ကိုယ်၀န်ရလာတဲ့အချိန်ကျရင်တော့ ကိုယ်ကတော့ 24 နာရီလုံးအနားကပ်နေမှာသိလား.....""ဘာတွေလာပြောနေတာလဲ..."
ရှက်သွေးဖြာသွားတဲ့ ဆော့ဂျင်မျက်နှာက ချယ်ရီပန်းကလေးအလား ချက်ချင်းပန်းရောင်ပြောင်းသွားခဲ့တာ...
ဒီကောင်လေးက မထိရက်မကိုင်ရက် လှရက်လိုက်တာ တော်ပါသေးတယ် ကိုယ့်ချစ်သူဖြစ်လာလို့
မဟုတ်ရင်တော်တော်ကြေကွဲရမှာ...
YOU ARE READING
PluvioPlile 🌧(complete)
Fanfictionငါချစ်ရတဲ့ မိုးရေတွေထဲ မုန်းစရာကောင်းတဲ့ မင်းနဲ့ဆုံခဲ့တယ် မင်းကတော့ ပြောင်းလဲလွယ်တဲ့လူပဲ အရင်ကသိပ်မုန်းတဲ့မိုးနေ့တွေကိုတောင် ခုတော့ချစ်တက်လာပြီတဲ့လေ.....