အချိန်အခါမဟုတ်ရွာသွန်းနေတဲ့ မိုးနဲ့အတူ
အိမ်ကြီးထဲ ပုံမှန်ထက် ပိုတိတ်ဆိတ်နေတဲ့ စကားသံတွေ.....နက်ဖြန်ဆို ဆော့ဂျင် အသက် 20 ပြည့်ပြီ
ဆော့ဂျင်ဟာ Beta မဟုတ်နိုင်ဘူးလား
ဒါဆိုဘာလဲ အခြား kim မိသားစုတွေလို အားအင်ကြီးတဲ့Alfa တစ်ယောက်ဖြစ်လာမှာလား ဒါမှမဟုတ် ....
တွေးကြည့်ဖို့တောင် မ၀ံ့မရဲဖြစ်ရတဲ့ အားနည်းတဲ့
Omega ဖြစ်လာမှာလား....
မိသားစုတွေလည်း အဲဒီလိုအတွေးကိုယ်စီနဲ့ ရှူတ်ထွေးနေကြပုံပါပဲ....Alfa လို့ခန့်မှန်းဖို့ကျ သူ့မှာ သွယ်လျနေတဲ့ခန္တာကိုယ် ချောမောလှပလွန်းတဲ့မျက်နှာ နဲ့ 3နှစ်သားလိုနုဖက်နေတဲ့အသားအရည်ရှိနေပြန်တယ်....
Omega လို့တွေးဖို့ကျ အရမ်းကိုအကြောတင်းခေါင်းမာတက်ပြီး ဘယ်သူ့ကိုမှ အလျော့မပေးတက်တဲ့အကျင့်စရိုက်မျိုးရှိနေတာမို့ အတိအကျပြောနိုင်ဖို့ခက်ခဲတယ်.....
ငါ့ကိုယ်ငါတောင် ဘာဖြစ်မယ်ဆိုတာ ခန်းမှန်းမရဘူး တကယ်ရူးချင်စရာပဲ ငါလည်းသေချာသိချင်မိတယ် အရင်ကတော့ ငါ့ကိုယ်ငါတသက်လုံး Beta ဖြစ်နေမယ်လို့ထင်ခဲ့တာ....ခရီးတွေထွက်မယ် ၀ါသနာပါတာတွေ လွတ်လွတ်လပ်လပ်အကုန်လုပ်မယ်ပေါ့
မိသားစုရဲ့ အရေးကြီးတဲ့လုပ်ငန်းတွေကိုလည်း ကိုင်တွယ်ဖို့မလိုဘူး Omega အားကိုးမှီခိုဖို့ mate လည်းရှာဖို့မလိုဘူး အဲဒီလိုပဲတွေးခဲ့မိတာ တကယ့်အမြင့်ဆုံးထိန်တန်းနေရာတွေက Alfa တွေအတွက်ပဲဖြစ်နေတာမဟုတ်လား...
ဦးငယ်ကိုပဲ ကြည့်လေ သူ၀ါသနာပါရာတွေလုပ်ရင်း အေးဆေးနေနေရတာပဲ ဘာလို့ဆို kim မျိုးဆက်သုံးဆက်မြောက်ရဲ့ ပထမဆုံး Beta ဖြစ်နေတာကြောင့်ပဲပေါ့...
Beta တစ်ယောက်ကိုမိသားစုလုပ်ငန်းတွေကိုင်တွယ်ခိုင်းဖို့ အတွေးမရှိကြဘူးလေ...ဆော့ဂျင် အိပ်ယာပေါ်လူးလိမ့်ရင်း မှန်တံခါးဆီရည်ရွယ်ချက်မရှိငေးနေမိခဲ့တယ်....
ဒီအချိန် မိုးရွာနေမယ်ဆို နည်းနည်းလောက်စိတ်သက်သာနိုင်မလားတွေးမိပေမဲ့ ပြာလွင်နေတဲ့ကောင်းကင်ကြီးကတော့ မိုးရွာနိုင်တဲ့အရိပ်အယောင်နည်းနည်းလေးတောင်ရှိမနေခဲ့.....တကယ်ပဲ ရူးချင်လိုက်တာ ဒီရက်ပိုင်းငါ့ခန္တာကိုယ်ကအရင်ထက်အားနည်းလာသလိုပဲ ...
စိတ်ထဲ ဘာရယ်မဟုတ် အလိုလို၀မ်းနည်းတက်လာသေးးတယ်
တကယ်ပဲ အိိုမီဂါဖြစ်လာမှာလား....
မိသားစု စီးပွားရေးလုပ်ငန်းတွေအတွက် ငါမချစ်တဲ့အင်အားကြီး alfa တစ်ကောင်ကိုလက်ထက်ရမှာလား.....
YOU ARE READING
PluvioPlile 🌧(complete)
Fanfictionငါချစ်ရတဲ့ မိုးရေတွေထဲ မုန်းစရာကောင်းတဲ့ မင်းနဲ့ဆုံခဲ့တယ် မင်းကတော့ ပြောင်းလဲလွယ်တဲ့လူပဲ အရင်ကသိပ်မုန်းတဲ့မိုးနေ့တွေကိုတောင် ခုတော့ချစ်တက်လာပြီတဲ့လေ.....