part 🌷57

1.4K 180 16
                                    

မိုးဖွဲဖွဲကျနေတဲ့ ရာသီဥတုအေးအေးငွေ့ငွေ့ကလေးကို  ကြည့်ရင်း  ပီယာနိုးသံနားထောင်ရတာကို  သူဘယ်လောက်တောင်ထိသဘောကျမိကြောင်း  စကားလုံးတွေနဲ့  ကန့်သတ်ဖို့တောင်ခက်တယ်....

အခန်းပြင်က  စိမ်းစိုနေတဲ့  အပင်တွေတွေဆီရတဲ့   လက်ဆက်တဲ့သစ်ရွက်စိမ်းရနံ့တွေကို  ဆော့ဂျင် တစိမ့်စိမ့်ရှူရှိုက်နေမိတယ်..

ခပ်လှမ်းလှမ်းက  တောင်တန်းစိမ်းတွေကို  ပြတင်းကတစ်ဆင့်လှမ်းမြင်ရပြီး
ခေတ်နောက်ပြန်ဆွဲနေသလိုထင်ရတဲ့  ဘူတာရုံအိုနဲ့  ရထားလမ်းကိုလည်းမှုန်ပြပြမြင်နေရသျးတယ်

တကယ်ကို  နိဗ္ဗာန်ဘုံပိစိကလေးပဲ...
ဒီနေရာကို   ဘာလို့ခုမှလာခဲ့မိလဲလိို့တွေးမိတယ်ဒီလောက်အေးချမ်းလှပတဲ့  နေရာမျိုးကိုလေ...

ကျွီ...

သူအပြင်ကိုငေးကြည့်နေတုန်း  ဂျောင်ကုက  လင်ဗန်းအကြီးတစ်ချပ်ကိုဂရုတစိုက်ကိုင်ပြီး
အခန်းထဲ၀င်လာတယ်...

လင်ဗန်းပေါ်မှာ  မနက်စာအတွက်ပြင်ထားတဲ့ ပရိုတင်းဓာတ်မျိုးစုံပါ၀င်တဲ့အစားအသောက်တွေကစုံစိလို့   အလှပါဆင်ခဲ့သေးတာ....
မသိရင်  ဘုရင့်ပွဲတော်အုပ်ကျနေတာပဲ...

အဲဒီလူကလေ  ပိုကိုပိုတာပါ  သူတို့တည်းတဲ့ဟော်တည်ပိုင်ရှင်ကိုလိုချင်တဲ့အစားအသောက်စိတ်တိုင်းကျမှာလို့ရရက်နဲ့   မနက်တိုင်းဟိုဟယ်မီးဖိုခန်းထဲ  ကိုယ်တိုင်သွားပြင်တယ်လေ...

ဟူးးးဒီဟော်တယ်ပိုင်ရှင်နဲ့က  အလုပ်သစ်အတူတွဲလုပ်မဲ့  လုပ်ငန်းပါတနာတွေဖြစ်နေလို့ပေါ့
မဟုတ်ရင်  ဒီလိုဧည့်သည်မျိုးကိုဘယ်သည်းခံလောက်မလဲ   ....

"အသဲလေးရေ  ကိုယ့်ပူတူးရေ  မနက်စာစားရအောင်နော်  ကိုယ်၀န်နဲ့ဆိုတော့   အချိန်မှန်စားရမယ်  လာကိုယ်ပြင်ဆင်ထားတာတွေ  လာမြည်းလိုက်  လျှာလည်သွားမှာသိလား..."

"အချစ်ကကွာ  ဘာလိို့အပင်ပန်းခံပြီးကိုယ်တိုင်သွားပြင်ရတာလဲ  ဒီတိုင်းမှာထားလိုက်လဲရတာကို   ..."

ဆော့ဂျင်အပြစ်တင်သလိုအကြည့်နဲ့ပြောလာတော့  ဂျောင်ကု နည်းနည်းစိတ်မကောင်းဖြစ်မိသွားပုံရတယ်..

PluvioPlile 🌧(complete) Where stories live. Discover now