"ဆော့ဂျင် စားချင်တာကိုစိတ်ကြိုက်ရွေးနော်...
Menu တွေအများကြီးပဲ ဘယ်ဟာစားကောင်းလဲ ကိုယ့်ဆီက Recommend လိုချင်လား...."ဆိုင်ထဲရောက်တော့ ဂျောင်ကုက သူ့ကိုဘာစားချင်လဲဆိုပြီး menu စာအုပ်ကမ်းပေးလာတယ်
ဆိုင်က နည်းနည်းတိတ်ဆိတ်တဲ့ရပ်ကွက်မှာရှိတဲ့အပြင် သီးသန့်အခန်းလေးတွေနဲ့မို့ သက်တောင့်သက်သာဖြစ်လာတယ် ကျောင်းနံရံကိုကျော်ပြီးထွက်လာခဲ့တဲ့ကိစ္စကိုတောင်သိပ်မတွေးမိတော့ဘူး....Menu စာအုပ်ထဲက ဟင်းအမယ်ပေါင်းများစွာကိုကြည့်လိုက်ရတော့ သူခေါင်းကိုက်သွားမိတယ်
ပုံမှန်အိမ်ကမိသားစုနဲ့ အပြင်ထွက်စားရင် မေမေတို့ hyung တို့ကပဲမှာပေးတာလေ ခုချိန်ထိပဲဆိုပါတော့ သူတို့က တည့်တဲ့အစားအစာ ချူချာတက်တဲ့သူ့အတွက် ကျန်းမားရေးကိုအထောက်အကူပြုတဲ့အစားအစားတွေကို စေတနာနဲ့မှာပေးတာဆိုပေမဲ့ အခုချိန်ထိအဲဒီလိိုလုပ်ပေးတာကျ
သူ့ကိုအရွယ်မရောက်သေးတဲ့ ကလေးလိုခံစားရစေလို့စိတ်မသက်မသာဖြစ်ရတယ်...ဂျောင်ကုကတော့ အဲဒီလိုမဟုတ်ဘဲ သူ့သဘောတိုင်းရွေးချယ်ခွင့်ပေးတယ် ဒီလိုအသေးအမွှားလေးတွေကသူ့ကိုစိတ်ကျေနပ်စေတယ်....
အိမ်မှာဆို အစိုးရိမ်လွန်ပြီး အိမ်ထဲထည့်ပိတ်ခံထားရတဲ့ 5 နှစ်အရွယ်ကလေးလိုခံစားရပေမဲ့..
ဂျောင်ကုကတော့ သူ့ကို အရွယ်ရောက်ပြီးသူတစ်ယောက်လိုခံစားရစေတယ်လေ..."ဟို ဟင်းတွေကအရမ်းများတာပဲ စီနီယာမှာပေးတော့ ကျွန်တော်ကအကုန်စားတယ် အကုန်လုံးစားပစ်လိုက်မှာပဲ...."
"ဟုတ်ပါပြီကွာ ဒါဆိုကိုယ်မှာလိုက်မယ်နော်..."
သူ့ပါးကိုဖွဖွလာဆွဲတဲ့ ဂျောင်ကုကိုဆော့ဂျင်နှာခေါင်းလေးရှုတ်ပြီးပြုံးပြလိုက်တယ်...
ဒီလိုအမူအယာက ချစ်စရာကောင်းမယ်ထင်လို့လေ ကိုယ်သဘောကျတဲ့သူရှေ့မှာတော့ ချစ်စရာကောင်းတဲ့ကောင်လေးပုံစံဖြစ်နေချင်တယ်...သူးဗီဇက ဂျစ်တိုက်တက်တဲ့ လူစွာကလေးဆိုပေမဲ့လည်းပေါ့....
"ပြီးတော့ ဒီဟာ ရေဘ၀ဲကြော်
ကျောက်ပုစွန်ချဥ်စပ်ရော..
××××××××......"
YOU ARE READING
PluvioPlile 🌧(complete)
Fanfictionငါချစ်ရတဲ့ မိုးရေတွေထဲ မုန်းစရာကောင်းတဲ့ မင်းနဲ့ဆုံခဲ့တယ် မင်းကတော့ ပြောင်းလဲလွယ်တဲ့လူပဲ အရင်ကသိပ်မုန်းတဲ့မိုးနေ့တွေကိုတောင် ခုတော့ချစ်တက်လာပြီတဲ့လေ.....