part 🌷 47

1.3K 227 32
                                    

စိတ်ခံစားချက်တွေက သူ့အတွေးထဲလွန်ဆွဲနေခဲ့တယ် ပင်ပန်းပေမဲ့ အစွန်း2ဖက်ကိုခေါက်လူးခေါက်ပြန်ကူးနေတဲ့ အတွေးလွန်မှူတွေကိုမရပ်တန့်နိုင်ခဲ့ဘူး....

သူ့ဖေဖေနဲ့အစ်ကိုရဲ့ မှားယွင်းတဲ့ဆုံးဖြတ်ချက်ကြောင့် သူထိခိုက်ခဲ့ရတာဆိုတာကရော ဖြစ်နိုင်လို့လား ဖေဖေနဲ့ hyung ကသူ့ကိုသိပ်ချစ်တာလေ...
သူဂျောင်ကုကို ယုံသင့်လား ဒါမှမဟုတ် ဂျောင်ကုပြောသလို အိမ်ပြန်ပြီးအားလုံးကိုထိပ်တိုက်ရင်ဆိုင်ရမလား...

ခုပြသာနာကလေ Hyungတို့ကိုမေးရင်ဂျောင်ကုကမရိုးသားတဲ့သူ အကြံအစည်နဲ့လှည့်စားတဲ့သူဆိုတဲ့အဖြေမျိုးကြားရမှာဖြစ်ပြီး
ဂျောင်ကုကိုမေးရင်တော့ hyung တို့ရဲ့မှားယွင်းတဲ့လုပ်ရပ်တွေကြောင့် သူအပါအ၀င်အခြားသူတွေပါထိခိုက်ခဲ့ရတယ်ဆိုတဲ့အကြောင်းကိုပဲကြားရမှာ...

မိသားစုနဲ့ချစ်ရသူကြားဆုံးဖြတ်ရခက်လိုက်တာ
သူကတော့ နှစ်ဖက်လုံးမှားမနေသလို နှစ်ဖက်လုံးအပြည့်အ၀ မမှန်နိုင်ဘူးလို့တွေးနေမိတယ်...

လူတစ်ယောက်ကိုအရှိတိုင်းမြင်နိုင်ဖို့ဆို အမြင်မကြည်မှူတွေ ရန်ငြိုးအာဃာတတွေဖယ်ပြီးကြည့်ရမယ်မဟုတ်လား.....

ပါဆင်နယ်ဆန်တဲ့စိတ်ခံစားချက်တွေနဲ့ လူတစ်ယောက်ကိုဆုံးဖြတ်ရတာက အမျိုးမျိုးကွဲပြားတဲ့မျက်မှန်တွေတပ်ပြီး ကြည့်ရှူအကဲခက်နေသလိုပဲ တစ်ဖက်လူပေါ်ကအစွန်းအထင်ကိုမြင်ရတဲ့အခါ ဒါက
ကိုယ်တပ်ထားမိတဲ့ မျက်မှန်ရဲ့ရောင်ပြန်မှု side effects လား အစစ်အမှန်ပြစ်ချက်လားဆိုတာ၀ေခွဲရက်တယ်လေ....

ခုတော့ သူအခန်းထောင့်မှာငြိမ်ငြိမ်ကလေးထိုင်
နေမိတယ်....
ဂျောင်ကုကတော့ မလှမ်းမကမ်းကနေ သူ့ကိုမျက်တောင်မခက်တမ်း ထိုင်ငေးနေခဲ့တယ်...

အခြေအနေကနည်းနည်းရူးချင်စရာကောင်းတယ် တစ်ခါတစ်လေကျ အကြောင်းအရာတွေအများကြီးကိုသိရတာထက် မသိတာကပိုကောင်းမယ်လို့တွေးမိတယ်.....

"ပူတူးးးး..."

သူ့ကိုမချင့်မရဲခေါ်လာတဲ့ဂျောင်ကုကိုလည်း ထပ်ပြီးစိတ်ဆိုးမနေချင်တော့
သူ့နားကိုဂျောင်ကုရောက်လာခဲ့တာဟာထင်သလောက်မရိုးရှင်းမှန်းစသိချိန်တုန်းက စိတ်တိုခဲ့ပေမဲ့ ခုကျဒေါသတောင်မထွက်ချင်တော့တဲ့ခံစားချက်မျိုးနဲ့ ငိုင်နေမိတယ်...

PluvioPlile 🌧(complete) Where stories live. Discover now