ဖြူထွေး၀င်းမွတ်နေတဲ့ ဆော့ဂျင်ရဲ့လည်တိုင်သွယ်သွယ်ပေါ်က အနံ့ထိန်းပလာစတာလေးကိိုစမ်းမိတဲ့အချိန်သူ့ရင်တွေ တဒုန်းဒုန်းခုန်နေခဲ့တယ်....
စိတ်ရှိတိုင်းသာဆို မက်မောဖွယ် ကြာပန်းရနံ့သင်းမြမြကလေးတွေကို ဖုံးကွယ်ထားတဲ့ အဲဒီပလာစတာအပိုင်းလေးကိုဆက်ခနဲဆွဲခွာပစ်လိုက်ချင်တာ...
ဒါပေမဲ့ ဘယ်ဖြစ်မလဲ သူချစ်ရတဲ့သူက ထိလိုက်ရုံနဲ့ကြွေကျတော့မလားတွေးပူရတဲ့ ပန်းပွင့်ကလေး သိမ်မွေ့တဲ့အလှတရားးအားလုံးပိုင်ဆိုင်ထားသူ....
ရဲနေတဲ့ နားဖျားကလေးကိုမြင်ရတာဟာ သူ့ရဲ့မဟာကောင်းချီးပဲ
ဖြူဥနေတဲ့ လည်တိုင်ပေါ်ကနေ ပလာစတာလေးဖြည်းဖြည်းစီရွေ့လျားဆုတ်ခွာသွားချိန်မှာ
သူ့အမြင်အာရုံအကြားအာရုံတွေဟာ လုံး၀ရပ်တန့်သွားခဲ့ပြီ ..သူဘာကိုမှမမြင်နိုင်တော့ဘူး...
ဘာကိုမှမကြားနိုင်တော့ဘူး.....
သူ့ပခုံးပေါ်တင်ထားတဲ့ ဆော့ဂျင်ရဲ့လက်ကလေးတွေဟာ ကြာပန်းပွင့်ဖက်ကလေးတွေဖြစ်သွားတယ်...
ဆော့ဂျင်ရဲ့ လည်တိုင်တစ်၀ိုက်နဲ့ မျက်နှာကလေးကတော့ ကြာပန်း၀တ်စုံကလေးတွေလိုပဲ
ပိုပြီးနီးကပ်လိုက်တိုင်း သင်းပျံ့တဲ့ရနံ့တွေ နုမွတ်တဲ့အထိအတွေ့တွေက သူ့ကိုကလူကျီစယ်နေသယောင်...."ဟင်းးးဆော့ဂျင်
ကိုယ့်ရဲ့ပိုးဥလုံးလေးရယ်...."ဂျောင်ကုဆော့ဂျင်လည်တိုင်ဆီ မျက်နှာအပ်ပြီးသူတို့နှစ်ယောက်ကြား နေရာလွတ်မကျန်တဲ့ထိတိုးကပ်ပစ်လိုက်တယ်....
...ဆော့ဂျင်ဟာ သူ့အပြုအမူတွေနောက်ညင်ညင်သာသာလိုက်လာခဲ့တယ် အံ့သြစရာပါပဲ....
ဆော့ဂျင်ကိုယ်တိုင် သူ့ရဲ့ ရနံ့တွေအောက်ကမရုန်းထွက်နိုင်တာလား ရုန်းထွက်ဖို့အတွေးမရှိခဲ့တာလားဆိုတာကိုတော့ သူတဖြည်းဖြည်းသိအောင်ကြိုးစားရဦးမည်....ဆော့ဂျင်ရဲ့ရနံ့တွေကို ရပြီးရင်းပိုရချင်လာတယ်
အထိအတွေ့တွေကို ထိပြီးရင်း ထပ်ထိချင်လာတယ်....ဆော့ဂျင်က ပင်ပန်းနေတဲ့ သူ့ကိုစိတ်သက်သာစေဖို့
ရနံ့တွေထုတ်ပေးခဲ့တယ်
စွဲမက်ဖွယ် နှစ်သက်ဖွယ် မြတ်နိုးဖွယ်ကောင်းတဲ့
သူ့တစ်သက်တာလုံးမှာ ပထမဆုံးအကြိမ်စိတ်ကျေနပ်စွဲလမ်းမိတဲ့ရနံ့မျိုး....
ESTÁS LEYENDO
PluvioPlile 🌧(complete)
Fanficငါချစ်ရတဲ့ မိုးရေတွေထဲ မုန်းစရာကောင်းတဲ့ မင်းနဲ့ဆုံခဲ့တယ် မင်းကတော့ ပြောင်းလဲလွယ်တဲ့လူပဲ အရင်ကသိပ်မုန်းတဲ့မိုးနေ့တွေကိုတောင် ခုတော့ချစ်တက်လာပြီတဲ့လေ.....