part 🌷37

1.5K 227 32
                                    

ဒုန်း ဒုန်းးး

ဆော့ဂျင်နဲ့သူနမ်းနေတဲ့အချိန်   ကားနားရောက်လာတဲ့  ဂင်မင်၀ူးက  ကားမှန်ကိုတဒုန်းဒုန်းလာထုနေတာ.....

မှတ်မိသလောက်ဆို  သူ့ဘ၀မှာသူများချစ်သူစုံတွဲတွေကြည်နူးနေချိန်ကို   နှောင့်ယှက်ဖျတ်ဆီးခဲ့တာမျိုးလည်းမရှိခဲ့ဖူးပါဘူး   ဘာလိို့သူ့အလှည့်မှ   အနှောင့်အယှက်တွေများနေရတာလဲ....

"အချစ်  ဟိုမှာမသွားသေးဘူး...."

ဆော့ဂျင်က  သူ့လည်ပင်းကိုသိုင်းဖက်ထားတဲ့လက်တွေကိုဖြုတ်ချပြီး   တစ်ခုခုလုပ်ဦးးဆိုတဲ့ပုံစံနဲ့ကြည့်လာတယ်....

သူတို့နှစ်ယောက်ရဲ့  ရနံ့ဖျော့ဖျော့တွေက  ကားထဲရှိနေသေးတာမို့  တံခါးဖွင့်ပေးဖို့ရော  ဆော့ဂျင်ကိုချက်ချင်းထွက်သွားခိုင်းထဖို့ရောအဆင်မပြေနိုင်ဘူး....

မင်၀ူးက  ဆော့ဂျင်တို့မေဂျာက  စီနီယာ  သူနဲ့အတန်းတူသူငယ်ချင်း
ဒါကြောင့်လည်း  ဂျောင်ကုကားကိုလာထုရဲတာပေါ့
အခြားသူသာဆို   နေရာမှာတင်   ဂျောင်ကုလက်ချက်နဲ့   အသက်ငင်သွားမှာ.....

တူ....တူ....

"ခွေးသား  ငါ့ကားနားက၀ေး၀ေးသွားစမ်းပါ...."

"ရူးနေလား   ပါမောက္ခဆော့ဂျင်ကိုမေးနေလို့ကွ  ခဏနေရင်  နန်းတော်ထဲ၀င်လေ့လာတော့မှာ

ချိန်းတွေ့ဖို့ခေါ်ထုတ်ပေးလာတာမဟုတ်ဘူးနော်
စာတမ်းအတွက်  လေ့လာရေးခရီးကွ
ဆရာကသူ့မိသားစုကိုအာမခံကတိပေးပြီးခေါ်လာတာ     ရာဇ၀တ်အိုးတုတ်နဲ့မထိုးချင်စမ်းနဲ့ဂျောင်ကုရာ   တောင်းပန်ပါတယ်...."

"ဆော့ဂျင်က  ပင်ပန်းပြီးကိုယ်လက်တွေနာနေလို့
ကားထဲခဏနားနေတယ်လို့   ပြောလိုက်  
ခဏနေငါကိုယ်တိုင်လိုက်ပို့မယ်  အထဲကို သွားတော့  ငါ့ကားကိုထုရိုက်နေတာရပ်ပြီးစိတ်ချလက်ချသွားလိုက်တော့...."

"ပြီးရောကွာ သေချာခေါ်လာခဲ့နော်  ငါလည်းခေါင်းကြိမ်းတယ်  ပြီးတော့...."

တီ....

မင်၀ူးရဲ့စကားကိုဆုံးအောင်နားမထောင်ဘဲ  ဂျောင်ကုဖုန်းချပစ်လိုက်တယ်
မင်း၀ူးကတော့  အပြင်ကနေ  ပါးစပ်လှုပ်ပြီး  ဆဲရေးသွားပုံရတယ်...

PluvioPlile 🌧(complete) Hikayelerin yaşadığı yer. Şimdi keşfedin