part 🌷6

1.6K 277 28
                                    

ဂျောင်ကုတဲ့လား ဖုန်းထဲကနေသူ့ကို မထိတရိပြောတဲ့သူနာမည်ကဂျောင်ကုတဲ့....

တစ်ခါမှမကြာဖူးတဲ့ နာမည်ပဲ သိလည်းမသိဘဲဘာလို့အဲဒီလူကသူ့ကိုမထိတရိလေသံနဲ့လာပြောရတာလဲ.....

ဆော့ဂျင်စိတ်ရှုတ်ပြီး မျက်မှောင်ကြုတ်ထားမိတယ်
မရည်ရွယ်ပေမဲ့ အတွေးများနေတာကြောင့်ဖုန်းပြောနေတဲ့ အစ်ကိုဟိုဆော့ကို ဆက်တိုက်စိုက်ကြည့်နေသလိုဖြစ်သွားခဲ့တယ်...

အစ်ကိုဟိုဆော့လည်း သူအကြည့်တွေကြောင့် နေရခက်သွားပုံပဲ တဖက်ကလူကို ကမန်းကတမ်းနှုတ်ဆက်ပြီး ဖုန်းချပစ်လိုက်တယ်....

"ဂျောင်ကုကဘယ်သူလဲ သူကဘာကောင်လဲ...."

"အာ သူကအရင်ကအစ်ကို့ရဲ့အိမ်နီးချင်းလေ သူအလယ်တန်းတုန်းကအစ်ကို သူ့ကိုစာသင်ပေးဖူးတယ်..
မတွေ့တာအတာ်ကြာပြီ အစ်ကိုလက်ထပ်ပြီးကထဲက
ဒီတိုင်းဘယ်သူမှမပြောဘဲ အိမ်ပြောင်းသွားခဲ့ကြတာလေ...."

"ဘာလို့သူကကျွန်တော့်ကို သိနေရတာလဲ
ပြီးတော့ သတိရနေတာလို့ပြောရအောင် သူ့ကိုနည်းနည်းတောင်သိမနေခဲ့ဘူး အဲဒီကောင်ကိုပြောလိုက်အစ်ကိုဟိုဆော့ အဲဒီလိုလုပ်တာဒီတစ်ခါနောက်ဆုံးဖြစ်ပါစေ တစ်စစီဆွဲစုတ်မခံချင်ရင်ကင်ဆော့ဂျင်ကိုလှည့်တောင်မကြည့်နဲ့လို့ပြောလိုက် ...
ဟမ်းးးးးစိတ်ရှုတ်နေပါတယ်ဆိုမှ ပိုဆိုးသွားပြီ...."

စားပွဲပေါ်ကလှီးလက်စ သခွားသီးတစ်ပိုင်းကို ဆွဲယူကိုက်၀ါးပြီးထွက်သွားတဲ့ ဆော့ဂျင်ကိုကြည့်ပြီး ဟိုဆော့သက်ပြင်းချမိတယ်.....

....ဆော့ဂျင်က Omega ဟုတ်တယ်မလား
အစ်ကိုအတည်ပြုပေးစမ်းပါ နောက်ဆိုကျွန်တော်တို့အမျိုးတွေတောင်ဖြစ်လာနိုင်တယ်လေ.....

ဖုန်းထဲကနေ ဂျောင်ကုပြောခဲ့တဲ့စကားတွေက ကင်အိမ်တော်ဘက်က တတိယကမ္ဘာစစ်စတင်မဲ့ အကြောင်းပြချက်ဖြစ်လာနိုင်တယ် ခင်ပွန်းဖြစ်သူနမ်ဂျွန်း နဲ့ ညီလေးလိုချစ်ခင်ရတဲ့ဂျောင်ကုကြား သူမြေစာပင်တော့မဖြစ်ချင်....
ဘာမှပြန်မဖြေဘဲ နှုတ်ဆက်ပြီးဖုန်းချလိုက်ပေမဲ့
ဂျောင်ကုရဲ့အကျင့်စရိုက်အရဆို သူ့ဆီထပ်ဆက်သွယ်လာဦးမှာသေချာတယ်
ငယ်ငယ်ကတည်းက အနီးကပ်ရင်းနှီးခဲ့တာကြောင့် ဂျောင်ကုရဲ့စိတ်ကို သိနေတယ်
စပြီဆိုတာနဲ့ အဆုံးထိသွားတက်တဲ့သူမျိုးပဲမဟုတ်လား.....

PluvioPlile 🌧(complete) Donde viven las historias. Descúbrelo ahora