part 🌷10

1.7K 259 25
                                    

"ဆော့ဂျင်...."

ဆော့ဂျင် အောက်ထပ်က ကပွဲခန်းမဆီဆင်းလာလာချင်း လူတွေကြားထဲကနေ သြဇာအာဏာပြည့်တဲ့ နမ်ဂျွန်းရဲ့ အသံထွက်လာတယ်....

ဆော့ဂျင် နောက်ကိုလှည့်မကြည့်မိအောင်ကြိုးစားပြီး ဘာမှမသိသလို အူကြောင်ကြောင် မျက်နှာပေးနဲ့ သူ့အစ်ကိုရှေ့လျှောက်လာခဲ့တယ်....

"ကျွန်တော် ဒီမှာပါ hyung ရဲ့...."

"အဆင်ပြေရဲ့လား ဘာလို့ဖုန်းခေါ်မရတာလဲ hyung တို့ဘယ်လောက်စိတ်ပူသွားလဲသိရဲ့လား ..."

သူ့ပခုံးနှစ်ဖက်ကိုကိုင်ကာ တဖွဖွပြောနေတဲ့ hyung ရဲ့အပြုအမူတွေမှာ စိုးရိမ်မှူတွေကအထင်သား....

"ကျွန်တော် ဘာမှမဖြစ်ပါဘူး လူတွေကြားထဲမွန်းကျပ်လို့ အပေါ်ထပ်၀ရံတာမှာခဏနေတာ ဖုန်းလိုင်းကဘာဖြစ်သွားတာလဲမသိလိုက်ဘူး ဆောရီးပါ hyung.... "

"တစ်ယောက်ယောက်နှောင့်ယှက်တာမရှိဘူးမလား ဘာမှမဖြစ်ခဲ့တာသေချာလား မင်းကိုတစ်ယောက်ယောက်လာထိမယ်ဆို မြို့တော်၀န်အိမ်ဖြစ်နေလည်းဂရုမစိုက်ဘူးနော်..."

"တော်ပြီ hyung ရာ ပြန်မယ်
အခြားသူတွေ၀ိုင်းကြည့်နေပြီ ကျွန်တော့်ကိုကလေးလိုမျိုးလာမပြောနေနဲ့....."

သူ့ကိုစိတ်ပူတာနားလည်ပေမဲ့ အားနည်းပျော့ညံပြီး
အနိုင်ကျင့်ခံရရင်တောင် သည်းခံနေမဲ့သူလိုမျိုး ပြောနေတာကိုတော့မုန်းသည်... သူဘယ်တုန်းက အဲဒီလိုမျိုး ခေါင်းငုံ့အနိုင်ကျင့်ခံဖူးလို့လဲ

Beta ပဲဖြစ်ဖြစ် Omega ပဲဖြစ်ဖြစ် မတရားရင်းငြိမ်မခံတက်တဲ့ သူ့စိတ်ကတော့ ပြောင်းသွားမှာမဟုတ်ဘူး.....

"သားကြီး တော်ပြီ ဖေဖေတို့အရင်ပြန်တာပိုကောင်းမယ် ..."

ဘေးကဖေဖေပါ၀င်ပြောတာမို့ hyungစိတ်လျော့လိုက်ပုံရပေမဲ့ သိပ်ကျေနပ်ပုံတော့မရ...
Hyung ကလေ အမြဲတမ်းဘာကိစ္စကိုမဆိုသံသယ၀င်နေတော့တာပဲ...

"ဒါဆိုပြန်မယ် လာခဲ့ဆော့ဂျင်
ထယ်ယောင်း မင်းရောဘယ်လိုလဲ ပြန်မှာလား..."

"ကျွန်တော်လည်း ပြန်လိုက်မယ် ဆောရီးပါ hyung ဆော့ဂျင်ကို တစ်ယောက်တည်းလွှတ်ထားမိလို့...."

PluvioPlile 🌧(complete) Where stories live. Discover now