part 🌷55

1.7K 205 34
                                    

3 years later.....

"အလုပ်တွေထားခဲ့လိုက် အပြင်သွားမယ် sun set  ကြည့်မယ် အခုနော် အခုပဲသွားမယ်လို့....."

အလုပ်ကိစ္စဖုန်းပြောနေတဲ့  သူ့ဘေးရောက်လာပြီး ဂျီတိုက်နေတဲ့ သိုးမွေးလုံးလေးကြောင့်  အဂျောင်ကုသဘောကျပြီးပြုံးလိုက်မိတယ်...

ဆော့ဂျင်က  အားနေတဲ့သူ့လက်တစ်ဖက်ကိုဆွဲပြီး  ကလေးပေါက်လေးလို  နှုတ်ခမ်းတထော်ထော်နဲ့  ဂျီကျနေတာ ..
တကယ်ဆိုဖုန်းပြောနေတာကလည်းတခြားသူတော့မဟုတ်   သူရဲ့ယောက်ဖတော် တစ်မိုးအောက်ကင်နမ်ဂျွန်းနဲ့ပင်ဖြစ်သည်....

"ဟုတ်ကဲ့ပါ  နားလည်ပြီ 
အာ ဟုတ်တယ် hyung
ဆော့ဂျင်က အပြင်သွားချင်နေပြီလေ...
ဟုတ်ကဲ့  ဒါဆိုဖုန်းချလိုက်တော့မယ်....."

သူဖုန်းကမန်းကတမ်းချပြီး  လှည့်ကြည့်လိုက်တော့  ဆော့ဂျင်ကသူ့ကိုအနှောင့်အယှက်ကောင်းကောင်းပေးလိုက်ရလို့  ကျေနပ်နေတဲ့မျက်နှာကလေးနဲ့   ရယ်ပြလာတယ်...

တကယ်ဆို  ဒီလိုအပြုအမူတွေက  သူ့ကိုနည်းနည်းကလေးတောင် စိတ်အနှောင့်အယှက်မဖြစ်စေဘူး   ဆော့ဂျင်ဖြစ်နေသရွေ့  သူ့အပေါ်ဆိုးနွဲ့ဂျီတိုက်တဲ့   အပြုအမူတိုင်းကို  ကျေနပ်နေမိမှာပဲ....
အဲဒီလိုပြောလို့   ဆော့ဂျင်ကဆိုးတယ်လို့  ပြောချင်တာမဟုတ်ဘူးနော်    ဆော့ဂျင်အကြောင်းသူသေချာသိတာပေါ့    သူ့အပေါ်ပဲဂျီတိုက်ချွဲ့နွဲ့ချင်ရှာတာ   အရင်စသိတုန်းကလို   လူတိုင်းအပေါ်အနိုင်ယူဂျစ်တိုက်ချင်တဲ့  ကောင်လေးမှမဟုတ်တော့တာ....

ရွှတ်  ရွှတ်....

နဂိုထက်ပိုဖောင်းလာတဲ့  ဆော့ဂျင်ရဲ့ပါးဖောင်းလုံးနှစ်ဖက်လုံးကို  ဂျောင်ကုနှာခေါင်းနစ်၀င်တဲ့ထိနမ်းပစ်လိိုက်တယ်....

ဒီရက်ပိုင်းဆော့ဂျင်က ထမင်းရော သရေစာပါမကျနာမြင်သမျှအကုန်စားနေတော့   ပါးကလေးကအရင်ထက်ပိုဖောင်းလာတာပေါ့
အရင်ထက်ပိုအိစက်လာတဲ့  ပါးဖောင်းလေးတွေကိုသူ့မှာ နမ်းမ၀ ကိုက်မ၀ ....

"အချစ်နော်  ကိုက်မယ်မကြံနဲ့ ရိုက်ပစ်မှာ..."

နောက်တစ်ခုကတော့ ဆော့ဂျင်ကဒီရက်ပိုင်းပိုပြီးစွာလာတယ်  အရင်ကလည်းစွာပေမဲ့ အခုကပိုဆိုးလာတာရယ်....

PluvioPlile 🌧(complete) Where stories live. Discover now