part 🌷12

1.4K 274 32
                                    

သုံး ကြိမ် သုံးခါမျှသာ ရှူရှိုက်ခဲ့ဖူးသော  ကြာပန်းရနံ့သင်းသင်းကလေးကို  ဂျောင်ကု မကြာခဏသတိရနေမိခဲ့တယ်...
အနိုင်လိုချင်လို့ပါ   မောက်မာတဲ့  သူ့မိသားစုက Afla တွေကြောင့်ပါဆိုတဲ့  အကြောင်းပြချက်တွေနဲ့ ချဥ်းကပ်ချင်ခဲ့တာ သူမှဟုတ်ပါရဲ့လား....
အဲဒီကောင်လေးကို  မြင်တဲ့အခါတိုင်း   သူကိုယ်တိုင်တောင်မသိလိုက်ပဲ   ပြုံးမိတယ်   ကင်ဆော့ဂျင်ဆိိုတဲ့
နာမည်ကလေးရွတ်ဆိုရုံနဲ့  ကိုယ်ပိုင်ကမ္ဘာတစ်ခုထဲရောက်သွားသလို  ငြိမ်သက်အေးချမ်းမှူကိုခံစားမိတယ်...

ဂျောင်ကု  ဆွဲလက်စ  လက်ထဲက   ခဲတံကို  စာရွက်ပေါ်ချပြီး   နံထင်စပ်ဆံပင်တွေကို  လက်နှစ်ဖက်နဲ့ထိုးဖွပစ်လိုက်တယ်...

သူတော့  တကယ်ရူးနေပြီထင်တယ်  ဘာလို့  အဲဒီကင်ဆော့ဂျင်ကို  ခဏခဏတွေးမိနေရတာလဲ  ...
ဧည့်ခံပွဲညတုန်းက   နောက်ဆုံးတွေ့ခဲ့တာဆိုတော့  ခုဆို3ပတ်နီးပါးကြာပြီ    ဒီသုံးပတ်အတွင်း  ကင်ဆော့ဂျင်ကို  မတွေးမိတဲ့ရက်မရှိခဲ့ဘူး...
ဂရပ်ဖစ်စာရွက်ပေါ်   ဒီဇိုင်းတွေဆွဲနေရင်း   ကင်ဆော့ဂျင်ပုံဆွဲမိမလိုဖြစ်တာလည်းအခါခါ   ရူးချင်စရာပဲ...
ဖျော့တော့တဲ့   ကြာပန်းနံ့တွေကရော   ဘာလို့သူ့စိတ်ကိုစိုးမိိုးဖို့ကြိုးစားနေရတာလဲ  တကယ်မကောင်းတဲ့  ကောင်လေးပဲ   မင်းကတော့....
အရင်က  အစ်ကိုဟိုဆော့ကို  ချစ်တယ်ထင်ခဲ့ပေမဲ့
ခံစားချက်က   ဒီလိုမျိုးရူးချင်စရာမဟုတ်ခဲ့ဘူး....

ငါ့အပေါ်  နွေးထွေးဂရုစိုက်ပေးတဲ့   တစ်ဦးတည်သောသူမို့   အမြဲအနားရှိစေချင်ခဲ့တာ  အဲဒီစတာခံစားချက်ကိုအချစ်ပဲလို့ငါလက်ခံခဲ့မိတာ  သဘောကောင်းနူးညံ့တဲ့အစ်ကိုဟိုဆော့ကို  မောက်မာပြီး mate တွေအပေါ်  စိုးမိုးလွန်းတယ်လို့  နာမည်ကြီးတဲ့  အဲဒီမျိုးရိုးနဲ့  လက်မထပ်စေချင်ခဲ့တာ....
အဲဒီအချိန်တုန်းက  တစ်လောကလုံးမှာ  ငါ့ကို  ဂရုစိုက်ပေးတဲ့သူက   အစ်ကိုဟိုဆော့ပဲရှိခဲ့တာမို့   အစ်ကိုဟိုဆော့ကငါ့အတွက်ပဲ  ငါ့ mate ဖြစ်သင့်တယ်လို့  တွေးခဲ့မိတာ   ကိုယ်ရင်းနှီးတွယာတာတဲ့သူကို ရုတ်တရက်  လုယူခံလိုက်ရသလို   မပြင်ဆင်ထားခဲ့တဲ့အဖြစ်အပျက်တွေကြောင့်   ကမ္ဘာပြိုသလိုခံစားခဲ့ရတာတော့အမှန်ပဲ....
အဲဒါက   ရိုးရိုးရှင်းရှင်းပါပဲ...

PluvioPlile 🌧(complete) Donde viven las historias. Descúbrelo ahora