part 🌷20

1.7K 271 46
                                    

ကင်မိသားစုပိုင်အဆောက်အအုံရဲ့  သီးသန့်လျို့၀ှက်ခန်းတစ်ခုထဲက စားပွဲမှာ  လူလေးယောက်ထိုင်နေကြသည် ..

2 ယောက်ကတော့နမ်ဂျွန်းတို့သားဖဖြစ်ပြီး
နောက်တစ်ယောက်ကဒေါက်တာ ဂင်နာယောင်း နဲ့  ပရော်ဖက်ဆာအွန်....

ကျန်တဲ့သုံးယောက်လုံး  လူကောင်းသေးညှပ်ညှပ်  နဲ့ ပရော်ဖက်ဆာအွန်ရဲ့စကားကိုအာရုံစိုက်နားထောင်နေကြသည်...
ကင်ဂျွန်၀မ်နဲ့ ကင်နမ်ဂျွန်းကတော့  မကြာခဏ သက်ပြင်းချနေကြတယ်....

"ဒါဆိုတစ်လတစ်ခါ  heat ကာလတွေကိုလုံး၀မနာကျင်ဘဲကျော်ဖြတ်နိုင်မဲ့ဆေး  ထုတ်ဖို့မဖြစ်နိုင်ဘူးပေါ့   ..."

ဆော့ဂျင်အဖေကင်ဂျွန်၀မ်က   လေသံဖျော့ဖျော့နဲ့  စိတ်ပျက်လက်ပျက်ပြောလာတယ်...

"မရဘူး  ဂျွန်၀မ်   သဘာ၀တရားကို  ပြောင်းပြန်လှန်ပစ်လို့မရနိုင်ဘူး  အဲဒါကိုမင်းသေချာနားလည်ဖို့သင့်ပြီ   အဲဒီလိုဆေးမျိိုးရှိခဲ့ရင်တောင်
တန်ရာတန်ကြေးအနေနဲ့   ပြင်းထန်တဲ့  side effect မျိုးခံစားရမှာ   ဆော့ဂျင်လေးကိုဒီအခြေအနေမှာထားတာအကောင်းဆုံးပဲ ...."

ဆော့ဂျင်အဖေကတော့  ခေါင်းငိုစိုက်ကျကာ  တိတ်ဆိတ်နေခဲ့တယ်  
ဒီအခြေအနေတွေဖြစ်လာအောင်  သူကိုယ်တိုင်ဖန်တီးခဲ့တာမဟုတ်လား ....
သူသာ ဒေါက်တာနာယောင်းအဖေနဲ့အတူ  ဆော့ဂျင်ကိုပြောင်းလဲဖို့မကြိုးစားခဲ့ရင်   ဆော့ဂျင်ဟာ  သာမန်အိုမီဂါလေးတစ်ယောက်အဖြစ်   အေးအေးချမ်းချမ်းကြီးပြင်းနိုင်ခဲ့မှာ....
သူ့အတ္တတွေကြောင့်ပဲဆော့ဂျင်ထိခိုက်ခဲ့ရတာမို့  ရင်ထဲ  နောင်တတွေအပြည့်ရှိနေခဲ့တယ်....

"သူအများကြီးနာကျင်ရတယ်တဲ့  ဒီလ heat cycle မှာလည်းသူပြင်းပြင်းထန်ထန်ခံစားနေရတုန်းပဲ  ကျွန်တော်တို့သူ့ကိုဒီတိုင်းကြည့်နေပေးရမှာလား
တကယ်ပဲ   ဘာမှမလုပ်ပေးနိုင်ဘူးလား
ပိုက်ဆံကိုလည်းဂရုမစိုက်ဘူး  ပရော်ဖက်ဆာ  ဆော့ဂျင်ကိုသက်သာစေမဲ့ဆေးသာ  ကြိုးစားစမ်းသပ်ပေးစမ်းပါ...."

နမ်ဂျွန်းက  အနည်းငယ်ပေါက်ကွဲချင်နေတဲ့  လေသံနဲ့ထပြောလာတယ်...

PluvioPlile 🌧(complete) Donde viven las historias. Descúbrelo ahora