part 🌷34

1.6K 240 51
                                    

"ဆော့ဂျင်   တော်လိုက်တော့  မင်းကိုလျော့ပေါ့ပေးထားတာဒီအထိပဲ   ဘာအကြောင်းကြောင့်ဖြစ်ဖြစ်ဂျောင်ကုနဲ့ပက်သက်နေတာချက်ချင်းရပ်လိုက်တော့ ..."

ကျောင်းကပြန်ရောက်ရောက်ချင်း  နမ်ဂျွန်းဆီက အဆူခံလိုက်ရတာကြောင့်   ဆော့ဂျင်စိတ်အလိုမကျစွာနဲ့  မျက်နှာကို  မှုန်ကုတ်ထားလိုက်မိတယ်....

ညနေကမဖျားသွားတာ  တော်သေးတယ်ပြောရမယ်  ဂျောင်ကုနဲ့အတူမိုးရေထဲကစားကခုန်ပြီး  ဖျားသွားတယ်ဆိုရင်
Hyung  တစ်ယောက်ဆွေ့ဆွေ့ခုန်ဒေါသထွက်နေလောက်မှာ...

ဂျောင်ကုနဲ့  ပက်သတ်နေတာချက်ချင်းရပ်တဲ့ 
အဲဒီကိစ္စကိုတော့  သိကြားမင်းဆင်းတားရင်တောင်  ရနိုင်မယ်မထင်ဘူး...

"Hyung ထပ်ပြီးတော့  ကျွန်တော့်ကိုစောင့်ကြည့်ခိုင်းပြန်ပြီလား...."

"မင်းကိုလွှတ်ထားပေးတဲ့  အချိန်ခဏလေးအတွင်း  မင်းဘာတွေလုပ်ခဲ့လဲပြန်စဥ်းစားလေ   မင်းရည်းစားထားမယ်ဆိုတာကိုလဲ  ခွင့်ပြုပေးခဲ့တယ်
တစ်ခုပဲ   အဲဒီတစ်ခုလေးပဲတောင်းဆိုခဲ့တာ   ဂျောင်ကုနဲ့၀ေး၀ေးနေဖို့  မပတ်သက်မိဖို့ 

တမင်ရွဲ့သမားထင်ရလောက်အောင်  လုပ်ခဲ့တာမင်းပဲဆော့ဂျင်
မင်းအဖေနဲ့အစ်ကိုရဲ့   စကားတွေကို  အလေးထားသရာမလိုဘူးလို့တွေးနေတာလား...."

စိတ်ဆက်နေပုံရတဲ့  Hyung ရဲ့မျက်နှာကရဲနေတယ်  စိတ်ဖိစီးစရာကိစ္စမျိုးလည်းရှိနေပုံပဲ  သူ့ကြောင့်ပဲလား  အခြားအကြောင်းရှိသေးလားဆိုတာတော့  သေချာမသိနိုင်
Hyung နှုတ်ကကထွက်လာတဲ့စကားတွေက  သူ့ကိုစိတ်ထိခိုက်၀မ်းနည်းစေတာတော့အမှန်ပဲ
ဒီတစ်ခုတော့  သူ့ကိုယ်သူအာမခံရဲတယ်  ဖေဖေနဲ့ hyung ကိုတစ်ခါမှ စိတ်အနှောင့်အယှက်မပေးချင်ခဲ့ဘူး   

ဒီတိုင်းးးးး
ဂျောင်ကုနဲ့အတူရှိနေရချိန်တွေမှာ   hyung ပြောတဲ့စကားတွေကို   မေ့သွားမိရုံလေးပဲ  အဲဒါကအပြစ်ဆိုရင်တော့  သူအပြစ်ရှိတယ်ပေါ့....
သူက  အစတည်းက  hyung လိုမျိုး  ဥာဏ်ကောင်းတာမှမဟုတ်ဘဲကို....

"မင်ဘာမှပြန်မပြောတော့ဘူးလား  ဆော့ဂျင်  အဖေတွေအစ်ကိုတွေကို  ဘယ်ချိန်ထိသွေးတက်အောင်လုပ်နေဦးမှာလဲ ...."

PluvioPlile 🌧(complete) Where stories live. Discover now