Ring ring......
"ဆော့ဂျင် ဖုန်းလာနေတယ်မလား ..."
သူအစ်မယောင်းရိုကိုခေါင်းညိတ်ပြလိုက်ပေမဲ့ ဖုန်းကိုတော့မကိုင်လိုက်...
"ဂျီမင်းနဲ့ထယ်ယောင်း တစ်လှည့်စီ ခေါ်နေတာလေ ကျွန်တော် အိမ်တကယ်မပြန်ချင်ဘူး..."
"ဆော့ဂျင်ကိုအစ်မနားလည်ပါတယ် ဒါပေမဲ့တဇွတ်ထိုးတွေလုပ်ရင် နှစ်ဖက်လုံးပိုပြီးတင်းမာကုန်ကြမှာ..."
"ဟင်အင်းးး ဂရုမစိုက်ချင်တော့ဘူး...."
"ဟူးးးးး"
သူ့မျက်နှာပေါ်က နောက်ဆုတ်ဖို့မရှိတဲ့ဆုံးဖြတ်ချက်အရိပ်အယောင်ကိုမြင်သွားပုံရတဲ့အစ်မယောင်းရိုက သက်ပြင်းချတာကလွဲပြီး ဘာမှထပ်မပြောတော့....
ခဏနေတော့ ဂျောင်ကုတို့ ညီအစ်ကို၂ယောက်လုံးအခန်းထဲရောက်လာခဲ့တယ်....
"ဂျောင်ကု ဆော့ဂျင်ကိုဘယ်လိုလုပ်မှာလဲ..."
"ပြန်ပို့ပေးရမှာပေါ့ hyung ရယ် အကုန်လုံးမတည်မငြိမ်နဲ့ ဘာဖြစ်မယ်သေချာမသိတဲ့အခြေအနေကြီးလေ ခုက..."
"မပြန်ပါဘူး လုံး၀မပြန်ဘူးနော် အိမ်သေးသေးလေးမှာနေရလည်းရတယ် နောက်ဆုံးပေါ်ဂိမ်းဆက်တွေလည်းမ၀ယ်ခိုင်းပါဘူး အစားအသောက်လည်းချေးမများတော့ဘူး ကျွေးတာပဲစားပါ့မယ် အဲဒါမို့မပြန်ခိုင်းပါနဲ့လို့ အီးးးဟီးးးးး"
"ဆော့ဂျင်ရာ ကိုယ့်ကိုရင်နာအောင်မပြောပါနဲ့ ကိုယ်က ဦးဆောင်သူAlfaတစ်ယောက်ပါ
ကိုယ့် mate ဖြစ်လာမဲ့သူကို အဲဒီလိုပစ်စလက်ခက်လုပ်မလားကွာ
ပြီးတော့ မင်းက ကိုယ်ခုပေးနိုင်တဲ့အရာတွေထက် အများကြီးထိုက်တန်တာသိရဲ့လားကိုယ်ပိုပြီးကြိုးစားချင်သေးတယ် ဆော့ဂျင်အဖေတွေေအစ်ကိုတွေထက်မသာတောင် တန်းတူဖြစ်အောင်ထားချင်တာ
ဆော့ဂျင်ကိုယ်တိုင်က တောက်ပနေပြီးသားစိန်ပွင့်ကလေးမို့ ဆော့ဂျင်ဘေးရှိနေမဲ့ ကိုယ်ကထိုက်တန်တဲ့လူဖြစ်သင့်တယ်လေ....."ဂျောင်ကုကတော့ ဆော့ဂျင်ကိုပွေ့ဖက်ပြီး ကလေးကိုချော့သလို တတွတ်တွတ်ပြောကာချော့နေလေရဲ့...
YOU ARE READING
PluvioPlile 🌧(complete)
Fanfictionငါချစ်ရတဲ့ မိုးရေတွေထဲ မုန်းစရာကောင်းတဲ့ မင်းနဲ့ဆုံခဲ့တယ် မင်းကတော့ ပြောင်းလဲလွယ်တဲ့လူပဲ အရင်ကသိပ်မုန်းတဲ့မိုးနေ့တွေကိုတောင် ခုတော့ချစ်တက်လာပြီတဲ့လေ.....