"အဲဒီကောင်ကို အိမ်ထဲပေး၀င်စရာအကြောင်းမရှိဘူး မောင်းထုတ်လိုက်...."
သူလှေကားပေါ်ကနေအပြေးအလွှားဆင်းလာနေတုန်းမှာပဲ ဒီရက်ပိုင်းအိမ်မှာအမြဲလိုရှိနေတက်တဲ့ hyung ရဲ့အမိန့်ဆန်ဆန်အသံကိုကြားလိုက်ရတယ်....
Hyung ကျောင်ကုကိုမောင်းထုတ်ခိုင်းနေတာပဲ
သူလည်း ပြတင်းကနေ မိုးဖွဲဖွဲကျနေတဲ့မြင်ကွင်းကိုကြည့်နေရင်း ခြံရှေ့ရောက်လာတဲ့ဂျောင်ကုကားလေးကိုလှမ်းမြင်လိုက်တာမို့ ချက်ချင်းပြေးဆင်းလာခဲ့တာ..."Hyung... "
လှေကားတစ်၀က်လောက်ကနေ မတ်တပ်စုံရပ်ပြီး သူအော်လိုက်မိတယ်....
သူ့ကိုဂျောင်ကုနဲ့ဆက်သွယ်ခွင့်မပေးဘဲ အိမ်ထဲပိတ်လှောင်ထားတာ တစ်ပတ်တောင်ကျော်ခဲ့ပြီ အနည်းဆုံးတော့ဂျောင်ကုကိုအိမ်၀င်ခွင့်ပြုသင့်တယ် ဂျောင်ကုပြောမဲ့စကားတွေကိုနားထောင်ပေးသင့်တယ်မဟုတ်လား....
"ဆော့ဂျင် အပေါ်တက်နေ...."
"ဂျောင်ကုကို၀င်ခွင့်ပြုလိုက် သူပြောမဲ့စကားကို hyung နားထောင်ပေးသင့်တယ်လေ..."
သူလှေကားအလယ်မှာမလှုပ်မယှက်ရပ်နေလိုက်တယ်
တစ်အိမ်လုံးကြားရလောက်အောင်အော်ပြောနေတဲ့သူ့ကို ကြည့်ပြီး hyung ကခေါင်းကိုအသာခါယမ်းလိုက်တယ်...."ဆော့ဂျင်...."
"ဂျွန်ဂျောင်ကုကိုအိမ်ထဲပေး၀င်မှာလား...."
သူ့ကိုယ်သူလည်းသိပါတယ် သူ့အသံထဲချိန်းခြောက်သံပါနေတာကိုပေါ့ နောက်ဆုံးတော့လည်း လှေကားအလယ်မှာခြေစုံရပ်ပြီး အကြပ်ကိုင်သလိုမေးနေတဲ့သူ့ကို hyung အလျော့ပေးရတော့တာပဲ....
"ကောင်းပြီ သူ့ကိုအိမ်ထဲပေး၀င်မယ် သူပြောတာနားထောင်ပေးမယ် ဆော့ဂျင်ကတော့ကိုယ့်အခန်းထဲကိုယ်သွားနေရမယ်..."
"သဘောတူတယ်...."
သူချက်ချင်းပဲ လှေကားပေါ်ပြန်ပြေးတက်ပြီး အခန်းဆီဦးတည်လိုက်တယ်...
ဂျွန်ဂျောင်ကုကိုယုံတယ် သူနဲ့နီးဖို့နည်းလမ်းရှာကြိုးစားမယ်ဆိုတဲ့ ဂျွန်ဂျောင်ကုစကားကိုလည်းယုံတယ်...
YOU ARE READING
PluvioPlile 🌧(complete)
Fanfictionငါချစ်ရတဲ့ မိုးရေတွေထဲ မုန်းစရာကောင်းတဲ့ မင်းနဲ့ဆုံခဲ့တယ် မင်းကတော့ ပြောင်းလဲလွယ်တဲ့လူပဲ အရင်ကသိပ်မုန်းတဲ့မိုးနေ့တွေကိုတောင် ခုတော့ချစ်တက်လာပြီတဲ့လေ.....