Hyung က သူ့ရှေ့ကခုံပေါ်ကို သူနဲ့ဂျောင်ကုအတူရှိနေတဲ့အချိန်ရိုက်ထားတဲ့ ဓာတ်ပုံတွေပစ်ချလိုက်တယ်...
နန်းတွင်းထဲလေ့လာရေးခရီးထွက်တုန်းကပုံအချို့ရယ် ကျန်တာက ကျောင်းထဲကပုံတွေ
သူတို့နှစ်ယောက်ကို အချစ်ငှက်ကလေးမှန်းသိသာစေတဲ့ပုံတွေပေါ့
တစ်နေ့ဒီလိုဖြစ်လာနိုင်မှန်းသိနေတာပဲမို့ အထွေအထူးတော့မအံ့သြမိပေမဲ့ ဟိုးအစဂျောင်ကုနဲ့သူ့ကြားဘာမှမရှိခင် အတူတွဲရပ်နေတဲ့ပုတွေပါပါနေတာကိုတော့ အတော်အံ့သြမိတယ်...Hyung ကသူတို့မစောင့်ကြည့်တော့ဘူးပြောခဲ့တဲ့အချိန်ကပုံတွေရောပဲ hyung ညာခဲ့တာလား အဲဒါတော့မဖြစ်နိုင်ဘူး ဒီလိုပုံတွေကိုအစကတည်းကမြင်ခဲ့မယ်ဆို hyung အနေနဲ့မသိသလိုနေခဲ့စရာအကြောင်းမရှိဘူး
တမင် သိမ်းထားခဲ့ပြီး ရည်ရွယ်ချက်ရှိရှိအိမ်ကိုပို့လိုက်တာများလား....ဒီပုံတွေပို့လိုက်တဲ့သူရဲ့သတ္တိကိုတော့ချီးကျူးမိတယ်
"မင်းးးဘာပြောချင်လဲ ဆော့ဂျင် ပျော်လား ငါတို့ကိုလိမ်ညာပြီးလုပ်ချင်တာလုပ်နေခဲ့ရတာပျော်လား ဟမ် ဖြေလေ....."
Hyung ကဒေါသကိုအတော်ကလေးထိန်းချုပ်ထားပုံပေါ်ပေမဲ့ hyung ဆီကစိမ့်ထွက်လာတဲ့ဒေါသအရှိန်ကိုသူခံစားလို့ရနေတယ်...
Hyung မျက်လုံးတွေက သူ့အပေါ်စိမ်းစိမ်းကားကား
ရင်ထဲဆစ်ခနဲနာမိတယ် နှစ်20ကျော်အတွင်း hyung ဆီကဒီလောက်ကြီးမားတဲ့ စိတ်ပျက်ဒေါထွက်မှူမျိုး ရတာပထမဆုံးအကြိမ်ပဲ...အချစ်အတွက်နဲ့ သူပထမဆုံးအကြိမ် hyung နဲ့ဖေဖေ့ကို လိမ်ညာဆန့်ကျင်မိခဲ့တယ်...
အကျိုးဆက်ကိုလည်း လက်ခံနိုင်ရမှာပေါ့
ဂျွန်ဂျောင်ကုကိုမှ ချစ်ခဲ့မိတာကိုး...."ကျွန်တော်တို့ ဒီတိုင်းရိုးရိုးရှင်းရှင်းတစ်ယောက်ကိုတစ်ယောက်သဘောကျနေတယ် အဲဒါကအမှားကြီးတစ်ခုလား hyung... "
"ရိုးရှင်းတယ်ဟုတ်လား မင်းအပေါ်သူကရိုးရှင်းတယ်လို့သေချာပေါက်ယုံထားတာလား ဆော့ဂျင် ထားလိုက်ဦး အဲဒီလိုရိုးရှင်းရင်တောင် မင်းမှာသူနဲ့ အဆင်မပြေနိုင်တဲ့ အခြားပြသာနာရှိနေသေးတယ် ဆော့ဂျင်...."
ESTÁS LEYENDO
PluvioPlile 🌧(complete)
Fanficငါချစ်ရတဲ့ မိုးရေတွေထဲ မုန်းစရာကောင်းတဲ့ မင်းနဲ့ဆုံခဲ့တယ် မင်းကတော့ ပြောင်းလဲလွယ်တဲ့လူပဲ အရင်ကသိပ်မုန်းတဲ့မိုးနေ့တွေကိုတောင် ခုတော့ချစ်တက်လာပြီတဲ့လေ.....