part 🌷8

1.4K 268 31
                                    

"ဆော့ဂျင်  ဘာဖြစ်တာလဲအဆင်ပြေရဲ့လား..."

ထူးထူးဆန်းဆန်းသူ့လက်မောင်းကို  တင်းတင်းလာဆုပ်ကိုင်ထားတဲ့ဆော့ဂျင်ကို  ထယ်ယောင်းငဲ့ကြည့်ပြီး မေးလိုက်မိတယ်...
ဆော့ဂျင်မျက်လုံးတွေက   ခန်းမထဲကလူအုပ်ထဲဂဏာမငြိမ်လှမ်းကြည့်ရင်း  တစ်ခုခုကိုရှာနေပုံရတယ်
ပြီးတော့  တစ်ခုခုကိုစိုးရွံ့နေသလိုပဲ...

ပုံမှန်ဆို  ဆော့ဂျင်ကအကြောက်တရားမရှိတဲ့သူမျိိုးလေ   ခုဒီလိုပုံစံမြင်ရတော့  စိတ်ထဲမကောင်း
ရွယ်တူ၀မ်းကွဲညီကိုတွေပီပီ   ရန်စလိုက်အော်ဟစ်လိုက်လုပ်နေခဲ့ပေမဲ့   အရေးကြီးရင်  သွေးနီးတက်ကြတာပဲမဟုတ်လား....

ခန်းမထဲရောက်သည်အထိ  ဆော့ဂျင်ကသူ့လက်ကိုကိုင်ထားတုန်းပဲ    သူ့အမေးကိုတော့ပြန်မဖြေ  ကြားလိုက်ရဲ့လားတောင်မသေချာဘူး...
မအီမသာဖြစ်စရာတစ်ခုခုကြောင့်စိတ်ထင့်နေပုံလည်းပေါ်တယ်....

"ဆော့ဂျင်   ငါနမ်ဂျွန်း hyung  ကိုခေါ်ပေးရမလား  မင်းဘာဖြစ်တာလဲပြောစမ်းပါ  စိတ်ပူအောင်မလုပ်နဲ့...."

"ငါ  ငါအဆင်ပြေတယ်  ဒီတိုင်းလမ်းမှာပြသာနာဖြစ်ဖူးတဲ့သူကိုမြင်လိုက်လို့...."

"ဘယ်ကောင်လဲ   ဒီနေရာမှာမင်းကိုနှောင့်ယှက်ရဲတဲ့သူမရှိပါဘူး   ရှိရင်လည်းငါတို့ကကြည့်နေမှာမဟုတ်ဘူး  မပူနဲ့   မင်းဆေးတွေသေချာသောက်ခဲ့တယ်မလား   ပလာစတာရောကပ်ခဲ့လား...."

"အင်းးးအမယောင်းရိုကိုယ်တိုင်ကပ်ပေးလိုက်တာ..."

"လာခဲ့ မင်းရဲ့ scent ကိုခံစားလို့ရမရ စမ်းကြည့်ရအောင်...."

"ဟမ်  မင်း မင်းဘာလုပ်မလို့ဘဲ..."

ဆော့ဂျင်   အူတူတူနဲ့ထယ်ယောင်းဆွဲခေါ်ရာ ပါသွားတော့သည်....

ထယ်ယောင်းက   သူ့သူငယ်ချင်း Alfa တွေထိုင်နေတဲ့နားဆွဲခေါ်သွားတာ....
ဒီကောင်ဘာတွေတွေးနေလဲ  နားမလည်တော့ဘူး....
တစ်ခုခုမွှေရင်တော့လား  သင်းခေါင်းမွှေးတွေတစ်ပင်မှမကျန်အောင်  ဆောင့်ဆွဲပစ်မှာ....

"Hyungတို့  အာညော်...."

ထယ်ယောင်း ကသူ့နဲ့ရင်းနှီးနေတဲ့  အဖွဲ့ကိုလှမ်းနှုတ်ဆက်ပြီးလွတ်နေတဲ့ခုံမှာထိုင်လိုက်တယ်...
ကြောင်တောင်တောင်ဖြစ်နေတဲ့  သူ့ကိုလည်းလက်ကဆွဲပြီးထိုင်ချခိုင်းတယ်....
ထိုင်နေတဲ့သူတွေထဲ  အစ်ကိုဆိုဂျွန်းကလွဲရင်  ကျန်တဲ့သူတွေကိုတော့  သူသေချာမသိ...
၀တ်ပုံစားပုံ   သပ်သပ်ရပ်ရပ်နဲ့   တစ်ယောက်တစ်မျိုးကြည့်ကောင်း   ခန့်ညားနေတဲ့   အဲဒီအဖွဲ့ထဲ   သူတို့ညီကိုရောက်သွားတာက   မြကျောက်ကိုရွှေကွပ်လိုက်သလိုမျိုး   ပိုပြီးပြည့်စုံသွားစေတယ်....

PluvioPlile 🌧(complete) Donde viven las historias. Descúbrelo ahora