ဂျောင်ကု အိမ်ပြန်ရောက်တာမှ တစ်နာရီမပြည့်သေး....
ခြံရှေ့ဆော့ဂျင်ရောက်လာတယ်ဆိုတဲ့ စကားကြောင့် အိမ်အပြင်ကို ချက်ချင်းပြေးထွက်သွားမိတယ်...ဆွေးနွေးလက်စအကြောင်းအရာစာရွက်စာတမ်းတွေကြား ကျန်ခဲ့တဲ့ ဟေးအင်ကတော့
သူ့ညီရဲ့သဲကဲမှူကို မထူးဆန်းသလိုသာ ခေါင်းယမ်းပြီးကြည့်နေတော့တယ်....
သူကိုယ်တိုင်ချစ်ခြင်းမေတ္တာအပေါ်ရူးသွပ်ခဲ့ဖူးသူမို့ ငယ်ရွယ်တဲ့ဒီညီလေးကို ဘယ်လိုစိတ်နဲ့များအပြစ်တင်ရက်ပါ့မလဲ.....
"ပူတူး ပူတူး ဘယ်လိုရောက်လာတာလဲဟင်
ကိုယ့်ဆီချက်ချင်းကြီးဘယ်လိုရောက်လာတာလဲပူတူးရဲ့ မိုးရေတွေအစိုခံလာတာလားကွာ...."ဂျောင်ကု ဆော့ဂျင်ရဲ့ ခပ်ရဲရဲဖြစ်နေတဲ့ပါးကလေးတွေကိုပွတ်သပ်ရင်းမေးတော့
ဆော့ဂျင်က ကလေးလိုချက်ချင်းအော်ငိုတော့တာပဲ...ငိုချင်ရက် လက်တို့ဆိုတာ ဒါမျိုးထင်ပါရဲ့
သူထိတာနဲ့ ဆော့ဂျင်ကတန်းပြီးငိုချပစ်လိုက်တာလေ...
သူ့မှာတော့ ရင်ထဲထူပူစိုးရိမ်လို့...
ဒီအူယားစရာပိစိကလေးကတော့ သူ့ရင်ခွင်ထဲမျက်နှာအပ်ပြီး ရှိုက်ကြီးတငင်ငိုနေတော့တာဂျောင်ကုလည်းဆော့ဂျင်ကိုအရင်ဆုံးပွေ့ချီပြီးသူ့အိပ်ခန်းထဲ အ၀တ်လဲဖို့ခေါ်လာလိုက်တယ်..
ဘာတွေဖြစ်လာသလဲ မသိရသေးတာမို့ ရင်လည်းပူရပြန်တယ်
ဆော့ဂျင်က ဒီနေ့မှအပြင်ထွက်ခွင့်ရတာလေ
ထပ်ပြီးပြသာနာတွေတက်လို့ ဆော့ဂျင်ကိုအရင်လို အိမ်ထဲပိတ်ထားဦးမယ်ဆို သူလည်းသည်းခံနိုင်တော့မယ်မထင်ဘူး...အဲဒီအခါ ဆော့ဂျင်မဖြစ်စေချင်တဲ့ မိသားစုနှစ်ခုကြားကရန်ပွဲမျိုးလည်းဖြစ်လာနိုင်တာပေါ့
တက်နိုင်သလောက်တော့ သူရှောင်တိမ်းအလျော့ပေးဖို့ကြိုးစားချင်ပါသေးတယ်..ဆော့ဂျင်စိတ်ပင်ပန်းရမဲ့ ကိစ္စမျိုးသူမလုပ်ရက်....
"ပူတူးးးအများကြီးမငိုပါနဲ့ကွာ ကိုယ့်ရင်တွေနာရတယ်လေ...."
"ဟင့် တောင်းပန်ပါတယ်..."
"ဘာလို့လဲ ပူတူးကကိုယ့်အပေါ်ဘာလုပ်ထားလို့
ငိုပြီးတောင်းပန်နေရတာလဲကွာ..."
![](https://img.wattpad.com/cover/312249029-288-k273463.jpg)
ESTÁS LEYENDO
PluvioPlile 🌧(complete)
Fanficငါချစ်ရတဲ့ မိုးရေတွေထဲ မုန်းစရာကောင်းတဲ့ မင်းနဲ့ဆုံခဲ့တယ် မင်းကတော့ ပြောင်းလဲလွယ်တဲ့လူပဲ အရင်ကသိပ်မုန်းတဲ့မိုးနေ့တွေကိုတောင် ခုတော့ချစ်တက်လာပြီတဲ့လေ.....