part🌷43

1.4K 234 59
                                    

"တောက်...

ဆော့ဂျင်ကို  ဒီလိုလုပ်သွားမယ်မထင်မိတာမှားတာပဲ    အန္တရာယ်တွင်းထဲကို၀င်ပြေးချင်နေတာ
ချက်ချင်းပြန်ခေါ်လာရမယ်   အဲဒီကောင်နဲ့အတူရှိနေတာအန္တရာယ်များလွန်းတယ်   အမှတ်အသားလုပ်လိုက်ရင်   အကုန်ကိုယ်ကျိုးနည်းကုန်တော့မှာ...."

နမ်ဂျွန်းက  သူ့ရဲ့ကျယ်ပြန့်တဲ့အသိုင်းအ၀ိုင်း  အဆက်အသွယ်တွေနဲ့ဆော့ဂျင်ကိုအမြန်ရှာဖို့ကြိုးစားနေတယ်

တောက်တခတ်ခတ်နဲ့  ခက်ထန်နေတဲ့လေသံကြောင့်   စိတ်အေးစေဖို့ရနံ့တွေကို  ဘေးမှာရှိနေတဲ့ဟိုဆော့က   ဆက်တိုက်ထုတ်လွှတ်ပေးနေခဲ့ရတယ်...

ဆော့ဂျင်ဖေဖေကတော့   မျက်မှောင်ကြုတ်ကာ   စိတ်ဖိစီးမှူကို  မျက်နှာမှာမပေါ်လွင်အောင်ထိန်းချုပ်ရင်း   ဘော်ဒီဂတ်ခေါင်းဆောင်နဲ့လက်ရှိ  ဆော့ဂျင်တို့ရှိနိုင်မဲ့နေရာကို  ခန့်မှန်းတွက်ချက်နေခဲ့တယ်....

"မသွားခင်စစ်ဆေးခဲ့တယ်မဟုတ်လား အဆောက်အဦးပေါ် ရဟတ်ယာဥ် ရှိနေတာကိုဘာလို့မသိခဲ့ရတာလဲ..."

ဆော့ဂျင်အဖေ  ဘော်ဒီဂတ်ခေါင်းဆောင်ကိုနားမလည်နိုင်စွာကြည့်ရင်းမေးလိုက်တယ်...

"ဘေးကအဆောက်အအုံမှာ  ရပ်ထားခဲ့တာပါ boss    အဲဒီအဆောက်အဦးက အမတ်တစ်ယောက်ပိုင်တဲ့  private အဆောက်အအုံပါ
မကြာခဏ ရဟတ်ယာဥ်တွေလာရပ်နားလေ့ရှိတာကြောင့်  မထူးဆန်းဘူးထင်ခဲ့မိတာပါ

ဂျွန်ဂျောင်ကုကဆော့ဂျင်ကိုပွေ့ချီပြီး  ဒီဘက်ကုန်တိုက်ပေါ်ကနေ  အဲဒီအဆောက်အအုံပေါ်ကို   ကြိုးနဲ့ခုန်ဆင်းခဲ့ကြပုံပါပဲ  ..."

ဘော်ဒီဂတ်ခေါင်းဆောင်စကားကြောင့်  ဆော့ဂျင်အဖေမျက်လုံးကိုမှိတ်ကာနောက်လှန်ချလိုက်မိတယ်   
လူငယ်တွေအတော်ရူးမိုက်ကြတာပဲ
ဘာလို့ဒီလောက်ထိစွန့်စွန့်စားစားလုပ်ကြရတာလဲ  ဆော့ဂျင်သာတစ်ခုခုထိခိုက်သွားရင်တော့
သူဂျောင်ကုကိုဘယ်တော့မှခွင့်လွှတ်မှာမဟုတ်ဘူး....
အဲဒီကောင်လေးက  dominate alfa တစ်ယောက်ပီပီ  ထက်မြက်ရဲရင့်တယ်ဆိုတာကိုတော့  ၀န်ခံရမယ်
သူ့အစ်ကိုဂျွန်ဟေးအင်ရဲ့  သံသယ၀င်စရာကိုယ်ရေးအချက်အလတ်နဲ့   လုပ်ရပ်တွေကြောင့်သာမဟုတ်ရင်   ဂျွန်ဂျောင်ကုကို  ဆော့ဂျင်အကြောင်းတွေသေချာပြောပြပြီး   လက်ခံပေးမိမလားဘဲ    အဲဒီလိုဆိုရင်တောင်   သားကြီးနမ်ဂျွန်းကတော့သဘောတူကြည်ဖြူပေးဖို့မသေချာဘူး   ဟိုဆော့နဲ့ပတ်သက်ပြီး   အစကတည်းကဂျောင်ကုကိုသဘောမကျဖြစ်ခဲ့တာဆိုတော့..

PluvioPlile 🌧(complete) Onde histórias criam vida. Descubra agora