ရူးမတက်ပဲ လွမ်းရတာတကယ်ကိုရူးမတက်ပဲ ဒါဟာသူအပိုတွေပြောနေခြင်းမဟုတ်ခဲ့...
သူ့အနား အပြေးရောက်လာတဲ့ ဆော့ဂျင်ကိုဂျောင်ကုမျက်တောင်မခတ်တမ်းငေးစိုက်ကြည့်နေမိတယ်....
မတွေ့ရတဲ့ တစ်ပတ်အတွင်းမှာ ပူတူးငယ်မျက်နှာကလေးအရင်ထက်ချောင်ကျသွားခဲ့တာပဲ ဆော့ဂျင်လည်း သူ့လိိုပဲအများကြီးခက်ခဲခဲ့ရတယ်ထင်ပါရဲ့....သူကဆော့ဂျင်ကိုပိုပိုသာသာချစ်ခဲ့မိတယ်လို့ယုံကြည်ခဲ့ပေမဲ့ အခုသူ့ရှေ့မှာမြင်နေရတဲ့ဆော့ဂျင်ရဲ့ ထိတ်လန့်ပျာယာနေတဲ့အမူအယာတွေ
သူ့ကိုထိခိုက်မှာစိုးရိမ်ရင်း ငွေ့ရည်ဖွဲ့နေတဲ့ မျက်၀န်းညိုကလေးတွေကို မြင်လိိုက်ရတဲ့ချိန်မှာတော့....
ဆော့ဂျင်ကိုယ်တိုင်လည်း သူ့ထက်မလျော့သောအချစ်တွေတဲ့ သူ့ကိုချစ်မြတ်နိုးခဲ့မှန်း သေချာနားလည်လာမိတယ်....."ကိုယ့်ပူတူလေး...
ကိုယ်ကလေးငယ်ရယ် အရမ်းပင်ပန်းခဲ့ရလားဟင် ....."ဂျောင်ကု ဆော့ဂျင်ရဲ့မျက်နှာကလေးကို လက်နှစ်ဖက်နဲ့အုပ်ကိုင်ပြီး ငြီးငြူသလိုပြောနေမိတယ် ...
"လွမ်းတယ်...."
ဆော့ဂျင်ဆီက ၀န်ခံစကားသံ ညှင်းညှင်းကလေးကြားလိိုက်ရချိန်မှာတော့ ထိန်းချုပ်ထားသမျှ ခံစားချက်တွေဟာ အထိန်းအကွပ်မဲ့
ပြန်ကျဲ လွတ်ထွက်လာတော့တယ်...
ဆော့ဂျင်ရဲ့ကိုယ်လုံးကလေး သူ့ရင်ခွင်ထဲလုံး၀မြုပ်သွားတဲ့အထိ အလွမ်းအားတွေနဲ့ဆွဲဖက်ထားလိုက်မိတော့တယ်......
"ခဏလေး မင်းတို့ အခုဘာလုပ်နေကြတာလဲ...."
အာ ပြသာနာပဲ ဆော့ဂျင်အဖေသူတို့ဘေးမှာရှိနေတာကို မေ့သွားတယ်...
သူကတော့ အိမ်ထဲကနေ ဘောလုံးတစ်လုံးလိုမျိုးကန်ထုတ်ခံရတော့မယ်ထင်တယ်....
ဆော့ဂျင်အဖေနဲ့အစ်ကိုရယ် အိမ်ကဘော်ဒီဂတ်တွေရော အိမ်ပြင်ထိရောက်အောင် သူ့ကို ၀ိုင်းကန်ထုတ်ကြမဲ့အဖြစ်ကိုမြင်ယောင်မိတယ်
သိပ်တော့မလွယ်လှ အသက်ပါပျောက်သွားနိုင်တယ်လေ အချစ်ကလေးနဲ့အကြာကြီးအတူရှိသွားနိုင်ဖို့ အရင်ဆုံးအသက်ရှင်မှရမည်...
ŞİMDİ OKUDUĞUN
PluvioPlile 🌧(complete)
Hayran Kurguငါချစ်ရတဲ့ မိုးရေတွေထဲ မုန်းစရာကောင်းတဲ့ မင်းနဲ့ဆုံခဲ့တယ် မင်းကတော့ ပြောင်းလဲလွယ်တဲ့လူပဲ အရင်ကသိပ်မုန်းတဲ့မိုးနေ့တွေကိုတောင် ခုတော့ချစ်တက်လာပြီတဲ့လေ.....