part 🌷9

1.5K 274 42
                                    

...ဘာလို့လဲ  ဘာလို့အခု  ဆော့ဂျင်ရဲ့ scent ကိုမရတာလဲ    အဲဒီကြာပန်းရနံ့ဖျော့ဖျော့ကလေးကို  သူရဖူးတာတစ်ကြိမ်တည်းတောင်မဟုတ်ဘူး    နောက်ဆုံးအခေါက်တွေ့တုန်းကဆို   ရနံ့တွေပိုထင်ရှားလာတာကို သူသေချာခံစားလို့ရခဲ့တယ်မဟုတ်လား....

သူ့ရှေ့ကထွက်သွားတဲ့  ဆော့ဂျင်ရဲ့  ကျောပြင်ကိုငေးကြည့်ရင်းဂျောင်ကု   နားမလည်နိုင်သလို   မျက်မှောင်ကြုတ်ထားလိုက်တယ်....
စိတ်ထဲထူးဆန်းနေမိတယ်

..အိိုမီဂါတွေက   သူတို့ကိုယ်ပိုင် ရနံ့ပျောက်သွားအောင်  ထိန်းချုပ်လို့မရနိုင်ဘူးလေ    တကယ်လို့ဆော့ဂျင်လည်ပင်းကိုသာနမ်းကြည့်လို့ရရင်တော့
သေချာပေါက် scent ကိုရမယ်ထင်တယ်....
အခြားသူတွေ    ဘယ်လိုကြောင့်  Beta လို့ယုံနေကြမှန်းမသိပေမဲ့
ဆော့ဂျင်က   သေချာပေါက်အိိုမီဂါပဲ....
သေချာတယ်   ကင်အိမ်တော်က   ဒါကိုဖုံးကွယ်ထားချင်နေတာပဲ....

အစ်ကိုဟိုဆော့ဆီ   ထပ်ပြီးဖုန်းဆက်ခဲ့ပေမဲ့   အဲဒီအကြောင်းနဲ့ပက်သက်ပြီး   လုံး၀တစ်ခွန်းတောင်မဟဘူးလေ    ကင်မျိုးရိုးအပေါ်   သစ္စာရှိလိုက်ပုံများ 
ရင်တောင်နည်းနည်းနာချင်သွားတယ်....

"အဲဒီစကားကြားဖူးလားဆော့ဂျင်   တစ်ခါဆုံရင်တိုက်ဆိုင်တာ  သုံးခါဆုံရင်ဖူးစာဖြစ်နိုင်တယ်တဲ့...."

သူနောက်ကနေ  လှမ်းအော်ပြောလိုက်တော့  ခြေလှမ်းတုံ့သွားပြီး   ပြန်လှည့်ကြည့်လာတဲ့  ကောင်လေးရဲ့မျက်လုံးတွေမှာ   အလိုမကျစိတ်ရှုတ်မှူတွေကအထင်းသား....
အဲဒီအကြည့်တွေကိုမြင်လိုက်ရတော့  ပထမဆုံးစဆုံတုန်းက  ထီးနဲ့ပစ်ပေါက်ခံခဲ့ရတာကိုတောင်  သတိရသွားတယ်   လူကသာနုဥပြီးလှနေတာ   လက်သံကတော့အတော်ပြောင်တဲ့ကောင်လေး....

ဒီလိုနေရာကိုရောက်တာပထမဆုံးအကြိမ်ပဲ   hyung ကတော့   မြိို့တော်၀န်နဲ့သီးသန့်အခန်းထဲမှာအတူရှိနေတာ   သူ့ကိုလည်း  သိထားသင့်တဲ့စီးပွားရေးလုပ်ငန်းရှင်တွေနဲ့မိတ်ဆက်ပေးခဲ့သေးတယ်...
ကျန်တဲ့သူတွေ   တရင်းတနှီးနှုတ်ဆက်ပေမဲ့
ကင်နမ်ဂျွန်းတို့သားဖကတော့   ဘယ်သူ့ကိုမှမရောဘဲ ရုပ်တည်နဲ့နေကြတာ...
သူနှုတ်ဆက်တာတောင်   မျက်ခုံးကလေးပဲပြန်ပင့်ပြတယ်လေ    တကယ်မာနကြီးတဲ့  ကင်မ်မျိုးရိုးပဲ....
မာနကြီးစရာ   အကြောင်းပြချက်တွေနဲ့ပြည့်စုံပေမဲ့ 
သူကတော့   လုံး၀သဘောမကျဘူး  အစထဲကအမြင်မကြည်ခဲ့လို့ပဲထင်ပါတယ်....
သူတို့နဲ့လက်တွေ့ဆုံလိုက်ရတော့    သူတိို့ရဲ့သားရတနာလေးကိုအပိုင်သိမ်းချင်တဲ့အတွေးက   ပိုတောင်သေချာလာသေးတယ်....

PluvioPlile 🌧(complete) Where stories live. Discover now