part 🌷5

1.7K 288 36
                                    

" မင်းရဲ့အစ်ကိုဘာတွေလုပ်ထားလဲကြည့်လိုက်....
သူက   ဘယ်သူ့သဘောနဲ့   ရှယ်ယာတွေကိုစိတ်ကြိုက်စီမံရတာလဲ     ကင်မိသားစုနဲ့ဆွေမျိုးဖြစ်လာရုံနဲ့    သူ့စိတ်တိုင်းကျလုပ်ခွင့်ရှိပြီထင်နေတာလား.....
ဒီကိစ္စကြောင့်ဖြစ်လာတဲ့ဆုံးရှုံးမှုတွေကို   သူဘယ်လိုရှင်းမလဲသိချင်တယ် 
မင်းအိမ်ပြန်ပြီး   သူ့ကိုပါငါ့ရှေ့ခေါ်လာခဲ့ပေး  ..."

ဟိုဆော့ရုံးခန်းထဲရောက်လာတာနဲ့  နမ်ဂျွန်းကစာရွက်တွေကိုပစ်ပေါက်ပြီးဒေါသတကြီး  ပြောလာတယ်....

"တောင်းပန်ပါတယ်     ဂျွန်းပြောသလိုလုပ်လိုက်ပါ့မယ်...."

သူကတော့ဂျွန်းကိုစောဒကတက်ခွင့်လည်းမရှိသလို   တက်ဖို့စိတ်ကူးလည်းမရှိဘူး   ဂျွန်းသူ့ကိုမသိခင်ကတည်းက  စပြီးသဘောကျခဲ့ရတာလေ
ပြီးတော့သူတို့မိသားစုရဲ့ယိုင်နဲ့နေတဲ့   စီးပွားရေးတွေကလည်း  kim အိမ်တော်ကျေးဇူးနဲ့   ပြန်ပြီးဦးမော့လာနိုင်ခဲ့တာမဟုတ်လား.....

"ဒါဆို  သွားလိုက်ဦးမယ်နော်ဂျွန်း   ဒီမှာဂျွန်းအတွက်သောက်စရာ၀င်၀ယ်ခဲ့တာ   ထားခဲ့မယ်နော်...."

"အင်းးးသွားတော့ဟိုဆော့...."

လေသံမာမာနဲ့စိတ်တိုပြီးလှမ်းခေါ်တာတောင်   သူအမြဲသောက်တက်တဲ့   အအေးကိုတကူးတက၀င်၀ယ်ပေးခဲ့တာပဲ....

သူကနည်းနည်းသွေးဆူလွယ်ပေမဲ့   စိတ်ပြေတဲ့အချိန်တော့ဟိုဆော့ကို  သနားမိတယ်
Kim မျိုးဆက်ရဲ့  အကြီးဆုံးဆက်ဆံသူတစ်ယောက်မို့   mate ကို အလျော့ပေးဆက်ဆံဖို့လည်းမဖြစ်နိုင်
လူတွေ၀ေဖန်   အထင်သေးတာကိုတော့  လက်မခံနိုင်ဘူး....

ဒါတွေကပုံမှန်ပါပဲ  အိုမီဂါတွေသူတို့ mate ကိုရိုကျိုးတာကဖြစ်သင့်တာပဲမဟုတ်လား.....

>>>>>

"ဆော့ဂျင်   ဆော့ဂျင်   ဘာဖြစ်တာလဲ   ဘာလို့ကျွန်တော့်ကိုမပြောရတာလဲ  သူကကျွန်တော့်ညီပါ
ကျွန်တော့်အတွက်အရေးအပါဆုံးလူတစ်ယောက်လေ   ဘာလို့သူဆေးခန်းသွားရတာကိုမပြောတာလဲ   တစ်ခုခုဖြစ်တာလား   ဘယ်မှာလဲအခု....."

အိမ်ရောက်လို့   ဆော့ဂျင်ဆေးခန်းသွားရတာသိသိချင်း  သူ့ကိုမပြောပြရကောင်းလားဆိုပြီး  နမ်ဂျွန်းပေါက်ကွဲတော့သည်....

PluvioPlile 🌧(complete) Where stories live. Discover now