part 🌷30

1.8K 255 36
                                    

တောက်....

နမ်ဂျွန်း အံကြိတ်ကာတောက်တစ်ချက် ခပ်ပြင်းပြင်းခေါက်လိုက်တယ်...

သူ့မျက်နှာပေါ်မှာ စိတ်တိုခံပြင်းမှူတွေကအထင်းသား....

""""ဆော့ဂျင်က beta ဆိုပေမဲ့ အိုမီဂါတွေအများကြီးလိုချင်နေတဲ့ ဂျွန်ဂျောင်ကုလို dominate Alfa ကိုတောင်ဆွဲဆောင်နိုင်တယ်နော် အံ့သြစရာပဲ
အတော်ကလေးလှလို့များလား ဒါမှမဟုတ်မိသားစုနောက်ခံကြောင့်များလား ..."""'

မနက်ပိုင်း အစည်းအ၀ေးကထွက်လာတဲ့အချိန် သဌေး နမ်ဆန်းယော့ ဆီကကြားလိုက်ရတဲ့ ခနဲ့သလိုစကားကြောင့် သူ့သွေးတွေဆူပွက်လာပြီး နေရာမှာရန်ပွဲမဖြစ်မိအောင်မနည်းထိန်းချုပ်ခဲ့ရတယ်...
အခုကားပေါ်ရောက်တဲ့ထိတောင် စိတ်ကမပြေနိုင်သေး...

နမ်ဆန်းယော့ဆိုတာ သူတို့မိသားစုအရှိန်အ၀ါနဲ့ နောက်ခံကိုဘယ်လိုမှမယှဥ်နိုင်တာမို့ အငုံ့စိတ်နဲ့ သူတို့မိသားစုအပေါ်အပြစ်ရှာချင်နေတဲ့သူ...

ဂျွန်ဂျောင်ကုဆိုတဲ့ ကောင်ရဲ့ကျော်ကြားမှူကလည်း မသေးဘူး အမတ်လီရဲ့မျက်နှာသာပေးမှူကြောင့်လည်းပါမှာပေါ့ ရုပ်ရည်ရှိပြီး လွှမ်းမိုးနိုင်စွမ်းမြင့်တဲ့ dominate Alfa ဆို တော့ အိုမီဂါအများစုမျက်စိကျတာတော့မဆန်း...

အဓိကအရေးကြီးတာက ဆော့ဂျင်မျက်စိမကျဖို့ပဲ

အဲဒီလိုဆိုပေမဲ့ ဆော့ဂျင်က အင်အားကြီးအယ်ဖာတွေ မောက်မာချမ်းသာတဲ့ Alfa တွေကိုအမြဲတမ်းမုန်းနေခဲ့တာမဟုတ်လား သူကပဲဆော့ဂျင်အပေါ်ယုံကြည်မှူလွန်ကဲခဲ့မိတာလား

အခုချိန်မှာတော့ စိတ်ထဲရှုတ်ထွေးမှူနဲ့အတူ ကင်ဆော့ဂျင်ကို ယုံကြည်ပြီး လွှတ်ထားပေးခဲ့တာမှားသွားပြီလားလို့ ဆက်တိုက်တွေးနေမိတယ်...

သေချာသိရအောင် ချက်ချင်းပဲစုံစမ်းခိုင်းလိုက်တယ်....
သဌေးနမ်ပြောတာတွေက သက်သက်အပုတ်ချတဲ့ အတင်းအဖျင်းတွေပဲဖြစ်ဖို့ မျှော်လင့်တယ်
ဟူးးးးး

သမီးတစ်ကောင် နွားတစ်ထောင်ဆိုပြီးစကားပုံကြာဖူးတာ အခုသူ့အလှည့်ကျမှ ညီလေးတစ်ကောင်နွားတစ်ထောင်ဖြစ်နေပြီ....

PluvioPlile 🌧(complete) Onde histórias criam vida. Descubra agora