"ဆော့ဂျင် မင်းအဲဒီလူကိုသိတယ်မလား
ခုဏလက်ဆောင်သေတ္တာလေးပို့တဲ့သူကိုလေ....""ဟမ်းးးဘယ်လိုပြောရမလဲ ငါလဲမသေချာဘူး..."
ဂျီမင်းအမေးကို သူမရေမရာပြန်ဖြေလိုက်မိတယ်....
ကိတ်ခွဲမွေးနေ့ဆုတောင်းပြီးချိန်မှာတော့ လူကြီးတွေစကား၀ိုင်းထဲဆက်မနေချင်တာမို့
သူ့အခန်းထဲကိုပြန်၀င်နေခဲ့တာ
ဂျီမင်းလည်း သူ့နောက်လိုက်လာခဲ့တယ်
ထယ်ယောင်းကတော့ လူကြီးတွေစကားပြောတာကိုထိုင်နားထောင်ရင်း ကျန်ခဲ့ရရှာတယ်
အဲဒီကောင်တော့သနားစရာပဲ ဖေဖေတို့ညီကိုတွေရဲ့အငြင်းအခုန်စကားတွေကြား အတော်စိတ်ညစ်နေမှာဒါပေမဲ့လည်း ဘာတက်နိုင်မှာလဲ သူ့မိသားစုရဲ့ အနာဂတ်ရဲ့ဆက်ခံသူဖြစ်လာမှာဆိုတော့
ဒီ kim မျိုးရိုးရဲ့စီးပွာစရေးကစပြီး အခြားကိစ္စတွေထိသူသိထားဖို့လိုအပ်တယ်လေ....
လေးလေး ယွန်းဂီကတော့ ခဏလေးလာပြီးပြန်သွားတယ်...
Alfa တွေရဲ့မိသားစုစီးပွားရေးဦးဆောင်မှူအကြောင်းစကား၀ိုင်းတွေက Beta တွေ Omega တွေနဲ့မသက်ဆိုင်တဲ့အရာလိုဖြစ်နေခဲ့တာမဟုတ်လား....."ဟေးးဆော့ဂျင် မင်းဘာတွေဒီလောက်အတွေးလွန်နေတာလဲ...."
"တကယ်ပဲ ငါက အခြား Alfa တွေရဲ့အသုံးချစရာသက်သက်ဖြစ်လာမှာလားလို့တွေးနေတာ
ဒီရက်ပိုင်း ထူးဆန်းတာတွေရှိနေတယ်လေ ငါသိတောင်မသိတဲ့လူကလည်း ဖုန်းထဲကနေငါ့ကိုသတိရနေတယ်လို့ပြောသွားသေးတယ်
ခုလည်း ကြာပန်းပုံတွေဆွဲထားတဲ့ သေတ္တာကလေးရောက်လာပြန်တယ် တစ်ယောက်ယောက်ကတော့ငါဘာဆိုတာသိနေပုံပဲ
ပြီးတော့ လမ်းမှာတိုက်မိတဲ့သူ ငါ့ရှေ့မှာရနံ့တွေထုတ်ခဲ့တဲ့သူလေ သူလည်းငါဘာဆိုတာကိုသိနေပုံပဲ
အားးးးးရူးချင်လိုက်တာ
ငါ့ကိုနောက်ရောင်ခံပြီး တိိုက်ခိုက်ဖို့ချောင်းမြောင်းနေကြသလိုခံစားနေရတယ် ငါ့အဖေနဲ့အစ်ကိုပြောတာတွေအမှန်ပဲထင်တယ် Omega ဆိုတာအားလုံးသိသွားရင်် Alfa တွေကငါ့ကိုမိသားစုရဲ့အားနည်းချက်အဖြစ် ပစ်မှတ်ထားချင်နေကြမှာတဲ့...."ဂျီမင်း ဆော့ဂျင်ပြောသမျှကို သေချာနားထောင်နေပေမဲ့ ဘာမှတ်ချက်မှတော့မပေးမိ...
ဆော့ဂျင်ကို စိတ်သက်သာစေချင်ပေမဲ့
မင်းအတွေးလွန်ရုံသက်သက်ပါလို့တော့ လိမ်ညာပြီးမနှစ်သိမ့်ပေးနိုင်ခဲ့ ဆော့ဂျင်အဖေနဲ့အစ်ကိုရဲ့အတွေးကလည်း အကုန် မှားတယ်တော့မဆိုနိုင်ဘူးလေ....
ŞİMDİ OKUDUĞUN
PluvioPlile 🌧(complete)
Hayran Kurguငါချစ်ရတဲ့ မိုးရေတွေထဲ မုန်းစရာကောင်းတဲ့ မင်းနဲ့ဆုံခဲ့တယ် မင်းကတော့ ပြောင်းလဲလွယ်တဲ့လူပဲ အရင်ကသိပ်မုန်းတဲ့မိုးနေ့တွေကိုတောင် ခုတော့ချစ်တက်လာပြီတဲ့လေ.....