"အချစ်...."
"ရှူး....."
ဂျောင်ကုတို့အဖွဲ့ရဲ့ စတူဒီယိုလေ့ကျင့်ခန်းထဲ သူတို့နှစ်ယောက်နမ်းနေခဲ့ကြတာ...
နောက်တစ်လလောက်ဆို ကျောင်းထဲကချောင်ကျကျနေရာတွေအကုန်လုံးသူတို့ချိန်းတွေ့နမ်းရှိုက်ဖူးတဲ့ နေရာတွေဖြစ်သွားနိုင်လောက်တယ်...
ပြောမဲ့သာပြောတာပါ ခုတောင်နေရာအတော်ကလေးစုံနေပြီပဲကို.....
ပြသာနာက သူတို့စိတ်ပါလက်ပါနမ်းနေချိန် တစ်ယောက်ယောက်အခန်းရှေ့ရောက်လာတာ
လျို့၀ှက်နံပါတ်ကိုနှိပ်ပြီး၀င်လာမို့ အဖွဲ့၀င်ထဲကတစ်ယောက်ဆိုတာသိလိုက်တယ်..."ဟမ်းးးးဆော့ဂျင်မင်းဒီရောက်နေတာပဲ...."
"ထယ်ယောင်း ငါ....ငါက..."
"အင်းးးဘာမှမဖြစ်ဘူး ငါ့ပစ္စည်းကျန်ခဲ့လို့လာ၀င်ယူတာပဲ...."
ဘယ်လိုပဲငါတို့ရင်းနှီးချစ်ခင်ကြတယ်ဆိုဦးတော့ ထယ်ယောင်းကငါ့ညီဖြစ်နေတာမို့ နည်းနည်းတော့မျက်နှာပူမိတယ်...
တကယ်ဆို ဒီရက်ပိုင်းတွေမှာ ထယ်ယောင်းနဲ့အရင်လိုမဆုံဖြစ်ဘူး အရင်လိုသူးအပေါင်းအသင်း Alfa တွေနဲ့တွေ့နေတာလို့ထင်ခဲ့ပေမဲ့ ဒီနေ့သိလိုက်ရတာက
ထယ်ယောင်းနဲ့သူ့ကြား စည်းပါးပါးလေးခြားနေသလိုပဲ အရင်လိုမဟုတ်တော့ဘဲ ထယ်ယောင်းသူ့ကိုကြည့်နေတဲ့အကြည့်တွေက သူစိမ်းဆန်လာတယ်....အမှန်ပြောရရင် ထယ်ယောင်းနဲ့အရင်လိုပုံစံမျိုးနေရတာကိုပဲပိုသဘောကျတယ် ဒီလိုအခြေအနေက ငါ့ကို၀မ်းနည်းစေတယ်.....
"သွားတော့မယ် ..."
ထည်ယောင်းက စာရွက်ဖိုင်လေးတစ်ခုခုကိုရှာယူပြီး ငါ့တို့နှစ်ယောက်လုံးကို စကားပြတ်ပြတ်နဲ့နှုတ်ဆက်ပြီး ပြန်ထွက်သွားတယ်....
"ကိုယ့်အသဲနဲ့ ထယ်ယောင်းတစ်ခုခုဖြစ်ထားသေးလို့လား ...."
"ဟင်အင်း ဘာမှစကားတစ်ခွန်းတောင်မများခဲ့တာကို..."
ဆော့ဂျင်မျက်လွှာချပြီး ခပ်တိုးတိုးပြန်ဖြေမိတယ်...
"ဘာမှမဖြစ်ပါဘူး ၀မ်းမနည်းနဲ့ ကိုယ်မင်းနားမှာရှိတယ်လေ ထယ်ယောင်းကိုလည်းအကျိုးအကြောင်းမေးကြည့်ပေးပါ့မယ် အများကြီးမပူပင်နဲ့နော်
ကိုယ်က ပူပင်စရာတွေရှိရင်လည်း ကိုယ့်ဆီ၀ေမျှရမယ်နော်သိတယ်မလား
ပျော်စရာတွေကို မမျှ၀ေရင်ရပါတယ် နာကျင်စရာပူပင်စရာတွေရှိရင်ကိုယ့်ကိုသေချာပေါက်သတိရပြီး မျှ၀ေစေချင်တယ်..."
YOU ARE READING
PluvioPlile 🌧(complete)
Fanfictionငါချစ်ရတဲ့ မိုးရေတွေထဲ မုန်းစရာကောင်းတဲ့ မင်းနဲ့ဆုံခဲ့တယ် မင်းကတော့ ပြောင်းလဲလွယ်တဲ့လူပဲ အရင်ကသိပ်မုန်းတဲ့မိုးနေ့တွေကိုတောင် ခုတော့ချစ်တက်လာပြီတဲ့လေ.....