...."ဟမ်းးးးး ဒီနေ့ ကိုယ် အသဲပေါက်ကိုလွမ်းရင်ဘယ်လိုလုပ်ရမလဲ တစ်နေကုန်မတွေ့ရရင်လွမ်းနေရတော့မှာ...."
ဂျောင်ကု အလုပ်သွားဖို့ကို အိမ်ကထွက်ခါနီး ဆော့ဂျင်ကိုရစ်နေတာ....
သူဘွဲ့ရပြီးကတည်းက ဒီလိုပဲ သူကအလုပ်သွားဆော့ဂျင်ကကျောင်းသွား လုပ်ခဲ့ပေမဲ့....ကိုယ်၀န်ရပြီးနောက်ပိုင်း ဆော့ဂျင်ကျောင်းနားခဲ့တယ် အလုပ်ထိ သူ့နောက်တကောက်ကောက်လိုက်နေတက်တဲ့ ဆော့ဂျင်ကြောင့်
တစ်နေကုန်အတူရှိရတာမျိုးကို အကျင့်ဖြစ်သွားတာထင်တယ်...ဒီနေ့ဒေါက်တာနာယောင်းအိမ်လာလည်မှာမို့ တစ်ရက်လေး ဆော့ဂျင်သူ့နောက်လိုက်မလာတာကိုတောင် ကမ္ဘာခြားသလိုလုပ်နေမိတယ် အကဲပိုမှန်း သူ့ကိုယ်သူလည်းသိပါတယ်
ဒါပေမဲ့လည်း ချစ်ရင်အကဲပိုတက်ကြတာသဘာ၀ပဲလေ
အလိုလိုဖြစ်လာတဲ့ အမူအကျင့်ခံစားချက်တွေကိုဘာနဲ့တားလို့ ရနိုင်မှာတဲ့လဲ ....ဆော့ဂျင်ကတော့ သူ့ကိုကြည့်ပြီးခေါင်းတယမ်းယမ်းနဲ့ ပိုလွန်းတယ် မနိုင်ဘူးဆိုတဲ့ပုံစံလုပ်နေတယ်...
" အချစ်ကတော့လေ အကဲပိုပြီတွေ့လား
အရင်ကလည်း တစ်ယောက်တည်းအလုပ်သွားနေကျပဲကို..."နှုတ်ခမ်းလေးထော်ပြီး စူပုတ်ပုတ်ပြောနေတဲ့ဆော့ဂျင်က ရှိသမျှအလုပ်တွေပစ်ပြီးအနားပဲအချိန်ပြည့်ကပ်နေချင်စရာကောင်းလောက်အောင် ချစ်ဖို့ကောင်းနေတယ်....
"အရင်က အရင်ပဲလေ အသဲပေါက်ရယ်
ခုကျအကျင့်ပါနေပြီ ကိုယ့်နောက်လိုက်ရှုတ်တက်တဲ့အရှုတ်လေးကို တစ်နေ့လုံး မမြင်ရရင်
မနေတက်တော့ဘူး ....""အလုပ်ကပြန်လာရင် အချစ်ကိုအာဘွားတွေအများကြီးပေးမယ်ကွာ သွားတော့နော်...."
"ဒါဆို ခုစရံယူသွားမယ်...
ပြွတ်
ပြွတ်.....ပြွတ်...."
"ရပြီ သွားတော့လို့....."
ဂျောင်ကုဆော့ဂျင်ရဲ့ ပါးတွေကို ခပ်ကြမ်းကြမ်းလိုက်နမ်းရှုံ့လိုက်ပစ်လိုက်တယ်...
နောက်ဆုံး ဆော့ဂျင်ဂျောင်ကုကိုကားထဲအတင်းတွန်းထည့်လိုက်ရတော့တယ် ....
YOU ARE READING
PluvioPlile 🌧(complete)
Fanfictionငါချစ်ရတဲ့ မိုးရေတွေထဲ မုန်းစရာကောင်းတဲ့ မင်းနဲ့ဆုံခဲ့တယ် မင်းကတော့ ပြောင်းလဲလွယ်တဲ့လူပဲ အရင်ကသိပ်မုန်းတဲ့မိုးနေ့တွေကိုတောင် ခုတော့ချစ်တက်လာပြီတဲ့လေ.....