part 🌷25

1.8K 264 52
                                    

ညနေစောင်းအချိန်မို့   မီးမဖွင့်ထားတဲ့အခန်းငယ်ဟာ
မှောင်ရီရီနဲ့  အဆွေးဓာတ်တွေယိုစိမ့်ချင်စရာကောင်းနေတယ်...

လက်ထဲက  ဓာတ်ပုံအယ်ဘမ်ကလေးကို   အမြတ်တနိုးပွတ်သပ်နေတဲ့  ဂျွန်ဟယ်အင်းရဲ့  မျက်နှာပေါ်  ဆွေးရိပ်  ငွေ့ရိပ်  အချစ်ရိပ်တွေ  စုံလင်နေတဲ့ခံစားချက်အရိပ်အယောင်တွေ  ယှက်ဖြာနေခဲ့တယ်...

လွမ်းဆွတ်ဖွယ်   အတိတ်နေ့ရက်လှလှကလေးတွေ
ချစ်ရသူရဲ့  ရယ်သံသဲ့သဲ့ကလေးတွေ 
နာကြင်ထိခိုက်စရာ  မလှပခဲ့တဲ့  အဆုံးသတ်နှုတ်ဆက်ချိန်တွေ...

...ကိုယ့်ရဲ့ယောင်းရိုကလေးရယ်....

နှုတ်ကနေ  အသံဖွဖွထွက်ပြီး  အဲဒီအမျိုးသမီးလေးရဲ့နာမည်ကိိုတမ်းတမိချိန်မှာတော့  တင်းထားသမျှစိတ်တွေဟာ  အပြိုပြိုအလဲလဲ....

လျို့၀ှက်အေးဂျင့်အဖြစ်   နိုင်ငံအစိုးရဆီမှာထူးထူးချွန်ချွန်တာ၀န်ထမ်းဆောင်ခဲ့တဲ့သူ   ပြောင်မြောက်တဲ့ အရည်အချင်းတွေနဲ့  ပေးအပ်ခံရတဲ့ မစ်ရှင်မှန်သမျှကိုအောင်မြင်ခဲ့တဲ့   dominate Alfa တစ်ယောက်ဟာ   ယုန်ကလေးလို  ဖြူစင်တဲ့  မျက်၀န်းတောက်တောက်ကလေးတွေ   ချစ်စဖွယ်ဟန်ပန်တွေနဲ့
နွေးထွေးကြင်နာတက်တဲ့   အမျိုးသမီးငယ်လေးရဲ့
နာမည်ကိုရွတ်ဆိုမိရုံနဲ့    မျက်ရည်တွေစီးကျလာပါတယ်တဲ့   ဒါဟာတကယ့်ဖြစ်ရပ်မှန်ပါပဲ
အချစ်ရဲ့  စွမ်းအားတွေဟာ  အံ့သြစရာကောင်းရဲ့မဟုတ်လား    ဘယ်လောက်ပဲသန်မာတဲ့  Alfa ဖြစ်နေပါစေ    အချစ်နဲ့ထိတွေ့မိတဲ့အခါ  စိတ်ခံစားချက်တွေ နုနယ်သွားကြရတာပဲ....

ဂျောင်ကုရော   အဲဒီကင်ဆော့ဂျင်ဆိိုတဲ့ကောင်လေးအပေါ်ဘယ်လောက်အတိုင်းအတာထိနက်ရှိုင်းနေပြီလဲ
သူဒါကိုသိရမှဖြစ်မယ်  
ဂျောင်ကုရဲ့ခံစားချက်အစစ်အမှန်ကိုသိရမှ   အစီစဥ်တစ်ခုသေချာဆွဲနိုင်မှာ
ဖြစ်နိုင်ရင်တော့  ဂျောင်ကုကိုချစ်ရသူနဲ့ပေါင်းဖက်စေချင်ပါတယ်  ခက်ခဲနိုင်ပေမဲ့လည်းပေါ့
ချစ်ရသူကိုဆုံးရှုံးခံလိုက်ရတဲ့
၀ေဒနာမျိုးဟာ   ဘယ်လောက်ထိဆိုး၀ါးတယ်ဆိုတာသူအသိဆုံးပဲမဟုတ်လား.....

.."အိမ်ပြန်ရောက်ရင်   စာဖက်ခန်းထဲခဏ၀င်ခဲ့ဂျောင်ကု hyung နဲ့ စကားပြောရအောင်....'

PluvioPlile 🌧(complete) Donde viven las historias. Descúbrelo ahora