"ပူတူးးးး အခန်းကျဥ်းကျဥ်းလေးထဲပတ်ပြေးမနေနဲ့တော့ကွာ ကိုယ်ရနံ့တွေထုတ်လိုက်ရင် မင်းကိုအနိုင်ကျင့်သလိုဖြစ်မှားစိုးလို့နော်
ပြောမရရင်တော့ အဟင်း....."ဂျောင်ကုကခါးထောက်ပြီး မရယ်မိအောင်ထိန်းရင်း ကုတင်တစ်ခုခြားနေတဲ့သူ့ကို စိုက်ကြည့်ပြီးပြောလာတယ်...
ဒီအထိလိုက်ခဲ့ပြီးပြီဆိုပေမဲ့ ဟိုလိုမျိုးဘာညာကိစ္စတွေကိုလည်းကြိုတွေးခဲ့ဖူးတယ်ဆိုပေမဲ့ 2ယောက်အိပ်ကုတင်ကျယ်ကြီးကိုမြင်တော့နည်းနည်းတော့လန့်မိတယ်လေ...
အတွေ့အကြုံမရှိတဲ့သူမို့ စိုးရိမ်စိတ်တွေကလည်းရှိနေသေးတယ်...
တကယ်ဆို ပထမဆုံးအတွေ့အကြုံအကြောင်းဂျီမင်းကိုမေးခဲ့သင့်တာ ရှက်စရာကောင်းနိုင်ပေမဲ့ ခုလိုဘာမှမသိဘဲ တွန့်ဆုတ်နေရတာထက်စာရင်ပိုအဆင်ပြေမလားထင်မိတယ်...."ကျွန်တော်ကအသက်ငယ်သေးတယ်လေ
အချစ်ကဘာလို့ချိန်းခြောက်နေတာလဲ...."ဟုတ်ပါတယ် ရည်းစားခေါ်ရာနောက်စွန့်စားပြီးလိုက်ခဲ့တုန်းကတော့ အသက်21ကအရမ်းမငယ်တော့ဘူးလို့တွေးခဲ့မိတာအမှန်ပဲ...
ဒါပေမဲ့ အခုကျနည်းနည်းငယ်သေးသလားလို့တွေးမိပြန်ရော ချည်နှောင်ပြီး mate ဖက်အဖြစ်တရား၀င်သတ်မှတ်ဖို့ကျ သူ့ကိုယ်သူအသင့်ဖြစ်ရဲ့လား ပြန်မေးနေမိတယ်
ရှက်တာရော အကုန်ရောပြီး အိပ်ခါနီးရောက်တော့ ခုလိုအခန်းထဲပတ်ပြေးနေမိတော့တာပဲ...
ဂျောင်ကုကတော့ သူ့ကိုနည်းနည်းမှငြိုငြင်ပုံမရပါဘူး ရယ်ပြီးပြောနေတာပဲ"ဒါဆို ပူတူးကကိုယ့်ကိုဘာလုပ်စေချင်တာလဲ တစ်ညလုံးပူတူးကိုမထိဘဲနေစေချင်တာလား
အဲဒါဆိုပူတူးမတရားဘူးနော် ကိုယ့်ကိုညှင်းဆဲတာပဲပေါ့ ဟမ်းးး""ဒါပေမဲ့လည်းးးးး"
"လာပါပူတူးရယ် ကိုယ်တို့ Alfaတွေရဲ့လွှမ်းမိုးသိမ်းသွင်းနိုင်စွမ်းကို ကိုထုတ်သုံးရအောင်မလုပ်ချင်ပါနဲ့လား
ပူတူးရဲ့ heat ကာလကဒီရက်ထဲမှာပဲလေ
ခုတောင် ပူတူးရနံ့တွေအခန်းထဲအတော်ပျံ့နေပြီ ဒီလိုဆက်လုပ်နေရင်းနဲ့ ကိုယ်အသိစိတ်လွတတ်သွားရင်ပိုဆိုးမယ်နော်...."
YOU ARE READING
PluvioPlile 🌧(complete)
Fanfictionငါချစ်ရတဲ့ မိုးရေတွေထဲ မုန်းစရာကောင်းတဲ့ မင်းနဲ့ဆုံခဲ့တယ် မင်းကတော့ ပြောင်းလဲလွယ်တဲ့လူပဲ အရင်ကသိပ်မုန်းတဲ့မိုးနေ့တွေကိုတောင် ခုတော့ချစ်တက်လာပြီတဲ့လေ.....