ခလွမ်းးးးးး
စာကြည့်ခန်းစားပွဲပေါ်က အလှပန်းအိုးကိုနမ်ဂျွန်းပစ်ခွဲလိုက်တယ်.....
ဆော့ဂျင်ကိုဂျောင်ကုခေါ်သွားတာ 2ရက်ကျော်သွားခဲ့ပြီ...
သူတို့ရှိနေတဲ့တည်နေရာကို အချိန်မှီစုံစမ်းနိုင်ခဲ့ပေမဲ့ ဘာမှမတက်နိုင်ခဲ့ဘူး....အတိုင်ပင်ခံ အမတ်လီကကုလသမဂ္ဂတံခါးပိတ်အစည်းအ၀ေးတက်ဖို့ ဇနီးဖြစ်သူနဲ့အတူခရီးထွက်သွားတာကြောင့် အမတ်လီရဲ့ခြံ၀န်းထဲကိုမ၀င်နိုင်ခဲ့ဘူး...
ဘယ်လောက်ပဲအင်အားရှိရှိ အတင်းဇွတ်တိုး၀င်လို့မရတဲ့နေရာဆိုတာလည်းရှိနေခဲ့သေးတာပဲ...
ဂျွန်ဂျောင်ကုကိုလျော့တွက်ခဲ့မိတာ သူ့ရဲ့မဟာအမှားပဲ သတ်ပစ်ချင်လောက်အောင်ဒေါသထွက်နေပေမဲ့ သူတို့လိုမိသားစုကိုတောင် လှုပ်မရအောင် အကွက်ရွေ့သွားနိုင်ခဲ့တယ်ဆိုတာကိုတော့ မချိမဆန့် အံကြိတ်ပြီးလက်ခံလိုက်ရတယ်....
အဟတ် မင်းသောက်ရမ်းတော်တယ် ဂျွန်ဂျောင်ကု တော်လွန်းလို့အပိုင်းပိုင်းဖြတ်ပြီး ငါးစားကျွေးပစ်ချင်မိတယ် ငချွတ်ကလေး ငယ်သေးတယ်ဆိုပြီး ငါလျော့တွက်ခဲ့မိတာပဲ...
ဒေါက် ဒေါက်
"ဂျွန်းးးး..."
အခန်းတံခါးခေါက်ပြီး အလျင်စလို၀င်လာတဲ့ဟိုဆော့ကြောင့် သူ့ရဲ့ဆူပွက်နေတဲ့ဒေါသတွေကိုကြိုးစားထိန်းလိုက်မိတယ်....
သူ့ရဲ့စိတ်ကိုအေးချမ်းစေတဲ့ ဟိုဆော့ရဲ့ရနံ့တွေကိုအာရုံစိုက်ရင်း လောင်မြိုက်နေတဲ့စိတ်တွေကိုငြိမ်းသက်ဖို့ကြိုးစားမိတယ်...
"ခဏလေး ဟိုဆော့ ကိုယ်မင်းကိုလိုအပ်တယ်..."
ဒီလိုပြောဖူးတာလည်းပထမဆုံးပဲထင်ပါတယ်
သူရုတ်တရက်ပွေ့ဖက်လိုက်တော့ ဟိုဆော့ကနည်းနည်းအံ့သြသွားပုံရပေမဲ့ စိတ်လိုလက်ရပြန်ဖက်ပြီး သူစိတ်အေးရအောင်ရနံ့တွေဆက်တိုက်ထုတ်ပေးနေခဲ့တယ်....."ခုချိန်ပြောရတာ တောင်းပန်ပါတယ်ဂျွန်း
ကျွန်တော်တို့မှာ သတင်းဆိုးတစ်ခုရှိနေသေးတယ်....."
YOU ARE READING
PluvioPlile 🌧(complete)
Fanfictionငါချစ်ရတဲ့ မိုးရေတွေထဲ မုန်းစရာကောင်းတဲ့ မင်းနဲ့ဆုံခဲ့တယ် မင်းကတော့ ပြောင်းလဲလွယ်တဲ့လူပဲ အရင်ကသိပ်မုန်းတဲ့မိုးနေ့တွေကိုတောင် ခုတော့ချစ်တက်လာပြီတဲ့လေ.....