"လာရင်းကိစ္စအတွက်ညှိနှိုင်းတာ ပြီးဆုံးသွားပြီဆိုတော့ ပြန်လို့ရပါပြီ အမတ် လီကိုလည်းနှုတ်ဆက်တယ်လို့ပြောလိုက်ပါ လူချင်းမတွေ့ဖြစ်တာကြာပြီ
သူလည်းရွေးကောက်ပွဲကိစ္စတွေနဲ့ အလုပ်များနေတာမဟုတ်လား....""သေချာပြန်ပြောပြလိုက်ပါ့မယ် ကျွန်တော်ကတော့သူအနားယူတာတောင်မတွေ့ဖူးဘူး...."
"အင်းးးဒါဆိုမောင်ရင်လည်း ကောင်းကောင်းပြန်ပါ..."
"ဒါဆို သွားလိုက်ပါဦးမယ်ခင်ဗျ."
သူထပြန်ဖို့လုပ်တဲ့အချိန်ထိ ကင်နမ်ဂျွန်းဆီကနှုတ်ဆက်သံထွက်မလာ
အလုပ်ကိစ္စဆွေးနွေးတုန်းကလည်း သူ့ကိုသင်္ကာမကင်းမျက်လုံးတွေနဲ့ ဆက်တိုက်ကြည့်နေခဲ့သေးသည်မဟုတ်လား ဒီကင်မျိုးနွယ်သားအဖရှေ့နေရတာ လက်နက်မပါဘဲသားရဲတွင်းထဲရောက်လာရသလိုပဲ
Hyung သတိပေးတာလည်းမလွန်ဘူး...
ခုကတည်းက အကြည့်တွေ ရနံ့တွေနဲ့ အာဏာ၀ိုင်းပြနေကြတယ်လေ ဘယ်လိုလုပ်မလဲ သူကမှမကြောက်တက်တာ သားရဲတွေကြားထဲ၀ှက်ထားတဲ့
ရတနာတုံးကလေးကလည်း သိပ်လှနေသေးတာ...
သူ့မှာတော့ ခုန်ချပစ်ဖို့သတ္တိတွေအပြည့်ပဲ
ဆော့ဂျင်မျက်နှာကိုမြင်လိုက်ရတာကြောင့်များ ဒီလိုသတ္တိတွေ၀င်လာရတာလား တကယ်လူကိုရူးသွပ်စေနိုင်တဲ့ကောင်လေးပဲ...."ခဏနေဦး အရေးကြီးတာတစ်ခုအမတ်လီဆီ ထပ်မှာချင်တယ်
ဘယ်လိုအလုပ်ကိစ္စအတွက်ဖြစ်ဖြစ် အခြားလုံခြုံတဲ့ သီးသန့်နေရာမှာတွေ့ခိုင်းဖို့ပြောလိုက်ပါ
ဒီအိမ်တော်က အရှုတ်အယှက်တွေမကြိုက်ဘူး
အိမ်တော်ထဲအလုပ်ကိစ္စဆွေးနွေးရတာ ဒါနောက်ဆုံးဖြစ်စေချင်တယ် အဲဒီအတိုင်းပြန်ပြောလိုက်ပါ ခုသွားလို့ရပြီ.."နမ်ဂျွန်းရဲ့ နှုတ်ဆက်စကားကြောင့် ဂျောင်ကုတစ်ချက်ပြုံးလိုက်တယ် ...
ဘာမှ မဖြစ်သလိုပေါ့ပေါ့ပါးပါးအမူအယာလုပ်ရင်း...."Mr.နမ်ဂျွန်းးပုံစံကအရမ်းစိတ်ဆိုးနေသလိုပဲ
ကျွန်တော်ကိုလည်း ဒီအိမ်ထဲမှာဖွက်ထားတဲ့ရတနာလေးကို ခိုးဖို့လာတဲ့သူလိုမျိုး ကြည့်နေတာသတိထားမိတယ် စိတ်၀င်စားစရာပဲ ဒီအိမ်ထဲမှာတင်းတင်းကျပ်ကျပ်ကာကွယ်ရမဲ့ အဖိုးတန်ရတနာမျိုး ရှိနေတာများလား ဟားဟား...."
YOU ARE READING
PluvioPlile 🌧(complete)
Fanfictionငါချစ်ရတဲ့ မိုးရေတွေထဲ မုန်းစရာကောင်းတဲ့ မင်းနဲ့ဆုံခဲ့တယ် မင်းကတော့ ပြောင်းလဲလွယ်တဲ့လူပဲ အရင်ကသိပ်မုန်းတဲ့မိုးနေ့တွေကိုတောင် ခုတော့ချစ်တက်လာပြီတဲ့လေ.....